ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Tiahuanaco" (တီရာ ဟွာနာကို) တောင်တန်းမှာရှိတဲ့ ထူးဆန်းသော ကျောက်တုံးများအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ တောင်အမေရိကရှိ ထူးဆန်းသော ကျောက်တုံးများဟာ ကမ္ဘာ့အံ့ဖွယ် စာရင်းတွင် မပါဝင်ခဲ့ပါဘူး။ သို့သော် ထိုကျောက်တုံးများဟာ ကမ္ဘာ့ မြေမျက်နှာပြင်အောက်တွင် အစောဆုံးရှိနေခဲ့တဲ့ ရှေးဟောင်း အကြွင်းအကျန်များဖြစ်တယ်လို့ လူအများက ယုံကြည်ကြပါတယ်။ ဟိုးရှေးခေတ်အခါက အိုင်မာရာ အင်ဒီယန်းများ နေထိုင်ခဲ့တယ်လို့ ယူဆရတဲ့ တီရာ ဟွာနာကို တောင်တန်းဒေသမှ ကျောက်တုံးများက ရှေးဟောင်းသုတေသန ပညာရှင်များအား အံ့အားသင့်၍ စိတ်ရှုပ်ထွေးစေခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

တစ်တုံးနှင့် တစ်တုံး ပြုတ်မထွက်စေရန် ချိတ်ဆက်ထားသော ပူမာပင်ကူလို့ အမည်ပေးထားတဲ့ ကျောက်တုံးများဟာ ဂရင်းနိုက်နှင့်ဒိုင်အိုရိုက်ကျောက်များဖြင့် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်မှာ ထိုကျောက်တုံးများဟာ စိန်ပြီးလျှင် အမာဆုံးဖြစ်တယ်ဆိုတဲ့ အချက်ပင်ဖြစ်ပါတယ်။ ကျောက်တုံးများကို လူများကသာ ပြုလုပ်ခဲ့တယ်ဆိုပါက ထိုကျောက်များကို စိန်ဖြင့်ပြုလုပ်ထားတဲ့ ကိရိယာများဖြင့်သာ ဖြတ်တောက်ရမှာ ဖြစ်ပါတယ်။

photo credit pngtree

ပို၍ ရှုပ်ထွေးစေတဲ့ အချက်မှာ ထိုကျောက်တုံးများက တစ်တုံးလျှင် တန်ရှစ်ရာကျော်လေးလံတာ ဖြစ်ပြီး သူတို့ရဲ့ ၁၀ မိုင်ကျော်အကွာအဝေးတွင် ကျောက်မိုင်းများ ရှိနေတတ်ပါတယ်။ ထိုကျောက်တုံးကို မ ယူလျက် ၁၀ မိုင်ကျော် အကွာအဝေးသို့ သယ်ယူလာနိုင်ခဲ့ခြင်းဟာ ယခုခေတ်လို ခေတ်မီ နည်းပညာကို သုံးနိုင်သော အချိန်မှာပင် ခက်ခဲတဲ့ အလုပ်တစ်ခုလို ဖြစ်နေပါတယ်။ နောင်လည်း ထူးဆန်းဖွယ် အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာမလို့ ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။