ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ တိရိစ္ဆာန်တွေနဲ့ပတ်သက်ပြီး ထူးခြားဆန်းပြားအံ့သြဖွယ် အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲ့ထဲကမှ "Rat kings"တွေရဲ့ အကြောင်းကို ရွေးချယ်ပြီး စိတ်ဝင်စားဖွယ် ဖတ်ရှုရအောင် ရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှုသတင်း၊ ပြည်တွင်းပြည်ပအားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့ တပြေးညီတင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။  

photo credit pngtree

ကြွက်တွေက တစ်ခါတစ်ရံမှာ သူတို့ရဲ့ အမြီးတွေကို လုံးထွေးခြင်း သို့မဟုတ် သစ်စေးဖြင့် ကပ်တွယ်စေပြီး ကြွက်ဘုရင် အဖွဲ့ဖြစ်အောင် လုပ်တတ်ကြတာ ဖြစ်ပါတယ်။ အမြီးထုံး အလယ်မှာ ကြွက်ခေါင်းဆောင်ရှိပြီး အခြားကြွက်တွေရဲ့ ဦးခေါင်းက အမြီးအထုံးရဲ့ ဆန့်ကျင်ဖက်ကို ဦးတည်ထားတတ်ကြပါတယ်။ အဲ့လို ကြွက်ဘုရင်အဖွဲ့တွေကို အခုခေတ်မှတော့ မြင်တွေ့ရဖို့ အခွင့်အရေးဆိုတာဟာ အလွန်နည်းပါးသွားပြီ ဖြစ်ပါတယ်။ 

photo credit pngtree

ဒါ့အပြင် သူတို့ဟာ တစ်စုံတစ်ခုကို ကြောက်လန့်တာဖြစ်ဖြစ် ဒါမှမဟုတ် သူတို့ခန္ဓာကိုယ်ထက် ကြီးမားသော တိရိစ္ဆာန်တွေကို ရင်ဆိုင်တိုက်ခိုက် စားသောက်ဖို့ အရေးကြုံလာတဲ့အခါမှာ ထိုကဲ့သို့ အဖွဲ့ဖွဲ့ပြီး ပြုလုပ်လေ့ရှိပါတယ်။ အဲ့လိုအဖွဲ့ဖွဲ့ထားသော ကြွက်တွေဟာ အလွန်အဆိပ်ပြင်းပြီး အလွန်ရဲရင့်ကြပါတယ်။ အဲ့လို ထူးဆန်းကြောက်မက်ဖွယ်ကောင်းသော ကြွက်ဘုရင်အုပ်စုတွေကိုတော့ ပြတိုက်တွေမှသာ တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ နောက်ပြီး ရှဉ့်များဟာလည်း ထိုကဲ့သို့ အပြုအမူကို လုပ်လေ့လုပ်ထရှိတယ်လို့လည်း သိရပါတယ်။ နောင်လည်း ထူးခြားဖွယ် အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာမလို့ ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော်။

Source Once A Glace Page

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။