ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့ အံ့ဖွယ် ဘုရားဝတ်ပြုကျောင်းများအနက် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ "Akshardham Temple" အက်ခ်ရှာ့ဒ်ဟမ် ဘုရားကျောင်းဟာ ခေတ်မီ နည်းပညာများနှင့် ရိုးရာ ဗိသုကာ ပုံစံတို့ကို ပေါင်းစပ် တည်ဆောက်ထားတဲ့ အဆောက်အဦး ဖြစ်ပါတယ်။

photo credit pngtree

ယမုံနာ မြစ်ကမ်းဘေးတွင် ၈၀၀၀ စတုရန်းမီတာကျယ်ဝန်းသော မြေနေရာပေါ်တွင် ထိုကျောင်းတော်ကို သံနှင့် စတီးကို အသုံးမပြုဘဲ သဲကျောက်ဖြူတုံးများကိုသာ သုံးစွဲ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အက်ခ်ရှာ့ဒ်ဟမ် ဘုရားကျောင်းဟာ အိန္ဒိယနိုင်ငံမြို့တော်သို့ လာရောက်တဲ့ ခရီးသည်များစွာကို ဆွဲဆောင်လျက်ရှိပါတယ်။

photo credit pngtree

၂၀၀၅ ခုနှစ်တွင်ကျွမ်းကျင် ပညာရှင်များနှင့် လုပ်သား၇၀၀၀ ကျော် နှင့် လုပ်အားပေး ပြည်သူ ၃၀၀၀ လုပ်အားဖြင့် ထိုကျောင်းတော်ကြီးကို ဆောက်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ကျောင်းတော်ကြီးရဲ့ ဗိသုကာမှာ ပရာမောက်ဆွာမိမဟာရာဇာ ဖြစ်ပါတယ်။ နောင်လည်း စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာမလို့ ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။