ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်ရှိ တန်ဖိုးကြီး အသုံးအဆောင် ပစ္စည်းတွေထဲကမှ တစ်ခုအပါအဝင်ဖြစ်တဲ့ "Diamond Crypto" ဟန်းဖုန်းအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ Myanmarload pageကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။ 

photo credit မောင် သာ ရှေးဟောင်းသုတေသန

ထိုဟန်းဖုန်းဟာ ဈေးတန်ဖိုးမြင့်မားလွန်းတာကြောင့် "luxury" ဇိမ်ခံ အသုံးအဆောင်ပစ္စည်းစာရင်းတွေထဲမှာ ထည့်သွင်းပြောဆိုရမှာ ဖြစ်ပါတယ်။ ဒီဇိုင်း idea ကောင်းပြီး အရည်အသွေးကောင်းတဲ့ ကျောက်မျက်ရတနာတွေကို လက်ရာမြောက်စွာ စီခြယ်၍ ထည့်သွင်း တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ထိုဟန်းဖုန်းရဲ့ အဓိက ပဲ့ကိုင်ရှင်လို့ ပြောရမယ့် ဒီဇိုင်းပညာရှင်ကတော့ ပီတာ အလွိုင်စင် ပဲဖြစ်ပါတယ်။ အဲ့လူ ဘယ်လိုပုံစံမျိုး တီထွင်ထုတ်လုပ်ထားလဲဆိုတာကို ဆက်လက် ဖော်ပြပေးပါ့မယ်။ 

photo credit မောင် သာ ရှေးဟောင်းသုတေသန

ထိုသူ ပုံစံထုတ်လုပ်ထားတဲ့ Diamond Crypto စမတ်ဖုန်းဟာ ပလက်တီနမ်နှင့် ရွှေသားများဖြင့် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ထိုဖုန်းကို တောက်ပ ရွှန်းလက်သော ကျောက်များဖြင့် ဖုံးအုပ်ထားပါတယ်။ ဖုန်းရဲ့ ဘေးတစ်ဖက်စီတွင် အပြာရောင် ကျောက် (၁၀) လုံးအပါအဝင် ကျောက်အလုံး (၅၀)စီ စီခြယ်ထားပါတယ်။ ဖုန်းမျက်နှာပြင်တွင် ကာရက် ရွှေဖြင့်ပြုလုပ်ထားကာ ကျောက် ၂၈ လုံး ခြံရံထားပါတယ်။ ဖုန်းတန်ဖိုးဟာ ဒေါ်လာ ၁ ဒသမ ၃ သန်းဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit မောင် သာ ရှေးဟောင်းသုတေသန 

photo credit မောင် သာ ရှေးဟောင်းသုတေသန

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။