ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ရှေးဟောင်းပစ္စည်းတွေရဲ့ သက်တမ်းအား ဘယ်လို တွက်ချက် ဖော်ထုတ်သလဲဆိုတာကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ရှေးဟောင်းပစ္စည်းများရဲ့ သက်တမ်းကို ရှာဖွေဖော်ထုတ်ရာတွင် ခေတ်ကာလကို တွက်ချက်၍ ယဉ်ကျေးမှု တန်ဖိုးသတ်မှတ်တာ ဖြစ်ပါတယ်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတွင် ခေတ်မီနည်းပညာ တစ်ခုဖြစ်သော အပူလှိုင်းဖြင့် သက်တမ်း တွက်ချက်တဲ့ (Thermoluminesence) စက်များဖြင့် တွက်ချက်ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ယနေ့ကမ္ဘာပေါ်တွင် ရှေးဟောင်းရုပ်ဝတ္ထု ပစ္စည်းများကို သက်တမ်းတွက်ချက်မှု(Dating) ပြုလုပ်ရာတွင် ယေဘုယျအားဖြင့် နည်းစနစ် နှစ်ခုကို အသုံးပြုကြတာ ဖြစ်ပါတယ်။ ထိုနည်းလမ်းနှစ်ခုဟာ သိပ္ပံနည်းကျ သက်တမ်းဖော်ထုတ်မှု(Absolute Dating) နှင့် ဆက်စပ် သက်တမ်း ဖော်ထုတ်မှု(Relative Dating)တို့ဖြစ်ပါတယ်။ သိပ္ပံနည်းကျ သက်တမ်းရှာဖွေတဲ့ စနစ်ကို အများဆုံး အသုံးပြုကြတာ ဖြစ်ပါတယ်။
ရှေးဟောင်းပစ္စည်းများအား ဆက်စပ်မှုဖြင့် သက်တမ်း ဖော်ထုတ်ရာတွင် တွေ့ရှိတဲ့ နေရာ၊ ပစ္စည်း ပုံသဏ္ဍာန်၊ လက်ရာနှင့် မွမ်းမံထားမှု၊ ခေတ်ပြိုင်တွေ့ရှိမှု အစရှိတဲ့ အချက်များကို အခြေတည်ကာ ကျွမ်းကျင်သော ရှေးဟောင်းသုတေသန ပညာရှင်များက ခန့်မှန်းတွက်ချက်လေ့ရှိကြပါတယ်။ ပစ္စည်းများရရှိခဲ့တဲ့ မြေလွှာကို ကြည့်၍လည်း သက်တမ်းကို ခန့်မှန်းကြတာ ဖြစ်ပါတယ်။ နိုင်ငံ့ အသီးသီးမှာ မိမိတို့ နယ်မြေအတွင်း ဒြပ်ရှိပစ္စည်းများဖြစ်တဲ့ သေးငယ်သော အိုးကွဲစကလေးများမှ ကြီးမားသော ရှေးဟောင်းအဆောက်အအုံများအထိ ဖော်ထုတ် ထိန်းသိမ်းစောင့်ရှောက်ကာ မိမိတို့ရဲ့ ယဉ်ကျေးမှု အဆင့်အတန်းကို ဂုဏ်ယူလေ့ရှိကြတာ ဖြစ်ပါတယ်။
source မောင် သာ ရှေးဟောင်းသုတေသန
photo credit pngtree
သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။