အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) အဖွဲ့ကိုဖျက်သိမ်းဖို့ နိုင်ငံတော်သံဃာ့မဟာနာယသအဖွဲ့ (မ.ဟ.န) ကအမိန့်ထုတ်ပြန်လိုက်ပါတယ် ။

ဇူလိုင်လ(၁၅)ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးရန် ကြေညာထားပါတယ် ။

ထိုကြေညာချက်မှာမြန်မာပြည်အနှံ့အပြားစိုက်ထူထားတဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) ဆိုင်းဘုတ်တွေကိုလည်းအဲဒီနေ့ နောက်ဆုံးထား ဖြုတ်သိမ်းဖို့နဲတစ်ဦးချင်းဖြစ်စေအဖွဲ့ လိုက်ဖြစ်စေ မဘသ အမည်ခံပြီး ဘာကိစ္စမှ မလုပ်ဖို့ ပြောဆိုထားပါတယ်။ ဒါ့အပြင်လိုက်နာခြင်းမရှိပါက ရဟန်းဖြစ်ရင် သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ ၂၀/၉၀ နဲ့အရေးယူ မှာဖြစ်ပြီးလူပုဂ္ဂိုလ်ဆိုပါကတည်ဆဲဥပဒေများနှင့်အညီ ပြည်ထဲရေးဝန်ကြီဌာနက အရေးယူပေးဖို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) သံဃာ့အဖွဲ့အစည်းဟာ အခြေခံစည်းမျဉ်း အခန်း(၂) အပိုဒ်(၄) သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်း အခန်း (၂) အပိုဒ် ၃(က) (ခ) တို့နဲ့ကိုက်ညီ မှုမရှိတာကြောင့် တရားမဝင်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်ကြောင်းနိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ရဲ့မေလ(၂၃)ရက်နေ့မှာ ကျင်းပတဲ့အစည်းအဝေးဆုံးဖြတ်ချက်အရအခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

Source : 5Plus News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။