ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်တွင် ပထမဆုံး တည်ဆောက်ခဲ့သော ဒေါ်လာဘီလျံကျော်တန်ဖိုးရှိတဲ့ ဇိမ်ခံအိမ်ကြီးအကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ထိုအိမ်ကြီးရဲ့ အမည်ကတော့ "Antilia" ဖြစ်ပြီး အိန္ဒိယ နိုင်ငံ၊ မွန်ဘိုင်းမြို့၌ ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အချမ်းသားဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့တဲ့ မူကက်ချ်အမ်ဘာနီဆိုသူက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ထိုသူဟာ မွန်ဘိုင်းအခြေစိုက် ရေနံဓာတုကုမ္ပဏီ Reliance စက်မှုလုပ်ငန်းကြီးရဲ့ အကြီးအကဲတစ်ဦးဖြစ်ပြီး ပိုင်ဆိုင်မှုတန်ဖိုးက ၄၃ ဘီလျံရှိတယ်လို့ ဆိုပါတယ်။

photo credit Wikipedia

ထိုသူဟာ မွန်ဘိုင်းမြို့လယ်တွင် ဒေါ်လာ ၂ ဘီလျံတန်ဖိုးရှိတဲ့ ၂၇ ထပ်ရှိသော မိုးမျှော်တိုက်ကြီးတစ်လုံးကို ဆောက်လုပ်ခဲ့သော အကြောင်းကတော့ သူဌေးကြီးရဲ့ဇနီးဖြစ်သူ နီတာအမ်ဘာနီ ဟာ နယူးယောက် "Mandarin Oriental"တွင် နေထိုင်ခဲ့ပါတယ်။ ထိုအဆောက်အအုံတွင် မွမ်းမံထား သော အာရှပုံစံအတွင်း ဒီဇိုင်းများကို အလွန်သဘောကျခဲ့ပြီး မိမိအိမ်ကို ထိုဒီဇိုင်းမျိုးအလှဆင်ရန် ဆန္ဒရှိခဲ့တာကြောင့် အဲ့သူဌေးက ဇနီးရဲ့ အလိုတိုင်း ငွေကုန်ကြေးကျခံကာ မွန်ဘိုင်းမြို့တွင် ကမ္ဘာ့အကြီးဆုံး ဇိမ်ခံအိမ်ကြီးတစ်လုံးကို ဆောက်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

photo credit Wikipedia

အန်တယ်လာဟု အမည်ပေးထားတဲ့ ထိုအိမ်ကြီးရဲ့ အထပ်တိုင်းကို တစ်ထပ်နှင့်တစ်ထပ် မတူညီသော ပုံစံပြုလုပ်ထားကာ အမျိုးအမည်များပြားလှသော ပစ္စည်းများကို အသုံးပြုထားတာကြောင့် ကုန်ကျစရိတ်အလွန်မြင့်မားခဲ့တာ ဖြစ်ပါတယ်။ အထပ် ၂၇ ထပ်ပါရှိတဲ့ ဇိမ်ခံအိမ်ကြီးကို တည်ဆောက်ရန် စေ့စပ်သေချာစွာ ဆောင်ရွက်ထားတာကြောင့် ဗိသုကာအစီအမံများဟာ အံ့မခန်းလက်ရာမြောက်လှပါတယ်။ အဲ့လို မြင်ရသူတိုင်း မျက်စိကျစေတဲ့ အိမ်ကြီးရဲ့ဒီဇိုင်းကို ပုံဖော်ရေးဆွဲပေးခဲ့တာကတော့ "Hirsch Bedner Associates"ကပဲ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit Wikipedia 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။