ချစ်သူ၊ ရည်းစားမရှိဘူးဆိုပြီး အများမြင်မှာ အားငယ်စရာလိုလို၊ သိမ်ငယ်စရာလိုလို ဖြစ်နေတတ်ပေမယ့် တစ်ကယ်တမ်း single တွေရဲ့ ဘဝကို သေချာ လေ့လာကြည့်မယ်ဆိုရင် ဂုဏ်ယူအားကျစရာ အချက်တွေချည်းပါပဲ။ အခုလိုခေတ်ကြီးထဲမှာ single ဖြစ်နေဖို့ဆိုတာ ပိုပြီးတောင် ခက်ခဲတဲ့ ကိစ္စတစ်ခုလို့ ပြောရမှာပါ။ online ပေါ်ကနေတွေ့ပြီး အလွယ်လေး ချစ်သူ၊ ရည်းစားဖြစ်နေကြတဲ့ ၂၁ရာစု အင်တာနက်ခေတ်ကြီးမှာ single တစ်ယောက်ဖြစ်နေဖို့ဆိုတာ တော်ရုံ သမာဓိအားကောင်းရုံလောက်နဲ့ မရပါဘူးနော်။

photo credit pngtree

အခုသတင်းကို ဖတ်နေကြတဲ့ single ကိုကို၊မမ တွေအနေနဲ့ ဘာမှအားငယ်စရာမလိုပါဘူး။ အချစ်စစ်ကို အပင်းပန်ခံပြီး လိုက်ရှာနေမယ်ဆိုရင် ထီးဖြူပြီး၊ ဖိနပ်ပါးသွားပါလိမ့်မယ်။ အချိန်တန်တဲ့အခါမှာ ကိုယ့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါလိမ့်မယ်။ အဲ့လို မရောက်လာခင် single ဖြစ်နေတဲ့ အချိန်စပ်ကြားလေးမှာ ကိုယ့်အနီးအနားက အတွဲတွေကို အားကျပြီး စိတ်ညစ်တာတွေ၊ စိတ်ထဲရှိတာတွေကို ထင်ရာဆိုင်းပြီး လျှောက်မလုပ်မိဖို့ပဲ လိုပါတယ်။ အဲ့အခါကျ ပိုပြီးဝေးသွားတတ်ပါတယ်....။

photo credit pngtree

single တစ်ယောက်ဖြစ်နေရခြင်းရဲ့ အားသာချက်တွေကို ပြောပြလိုက်မယ်ဆိုရင် တစ်စုံတစ်ယောက်နဲ့ Relation ချိတ်ပြီး အပူရှာချင်မှာတောင် မဟုတ်တော့ဘူး။ အဓိကအကျဆုံး အချက်ကိုပြောရရင် တိုတောင်းတဲ့ လူဘဝလေးမှာ မိမိကိုယ်ပိုင်အချိန်ကို မိမိ စိတ်ကြိုက်ခြယ်လှယ်နိုင်တာ ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ကို အချိန်ဖဲ့ပေးစရာမလိုတော့ဘူးပေါ့။ ဥစ္စာ၊ ငွေကြွေးတွေက အတူသုံးလိုက်လို့ ကုန်သွားလည်း ပြန်ရှာလို့ ရပေမယ့် အချိန်တွေကတော့ ဆက်လက် ကုန်ဆုံးနေဆဲဖြစ်မှာပါ...။ လွပ်လပ်ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေဟာ single ဘဝမှာသာ ပိုပြီးစိတ်ကြိုက်ဖန်တီးလို့ရတာကြောင့် single တစ်ယောက်ဖြစ်နေရတာကို ဝမ်းနည်းအားမငယ်လိုက်ပါနဲ့နော်။

photo credit pngtree

သတင်းအရင်းမြစ် Mg Thit Sar

မည်သည့်တစ်စုံတစ်ဦးကို မျှထိခိုက်စေလိုခြင်းမရှိဘဲ အမျိုးအကျိုးစီးပွားရေးအတွက် တင်ဆက်လိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။