MFF MYANMAR FUTSAL LEAGUE 2019-2020 ရာသီပိတ် ပွဲစဉ်ဖြစ်သည့် ပွဲစဉ် (၂၂)ကို ဖေဖော်ဝါရီ (၁၅)ရက်က အမျိုးသား အားကစားပြိုင်ပွဲရုံ - ၂ (NIS-2)တွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ပွဲစဉ် (၂၂) နောက်ဆုံးပွဲစဉ်ဖြစ်သော ချန်ပီယံဆုကို ဆုံးဖြတ်ပေးသည့် VUC FC နှင့် MIU FC တို့ပွဲစဉ်သည် အကြိတ်အနယ်ရှိခဲ့ပြီး ( ၄-၄) ဂိုး သရေကျခဲ့ကာ ထိပ်တိုက်တွေ့ဆုံမူ အသာဖြင့်MIU FC အသင်းက အမှတ်ပေး ချန်ပီယံဆုအား ကာကွယ်နိုင်ခဲ့ပါတယ်။

photo credit:MFF's facebook page
photo credit:MFF's facebook page

ပြိုင်ပွဲတွင် တတိယဆုရရှိသည့် GV FC အသင်းအား အား/ကာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးစိုးအောင်က တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေ ကျပ် (၆၀) သိန်း၊ဒုတိယဆုရရှိသည့် VUC FC အသင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် ဒေါက်တာရဲမွန်ထွဋ်က တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေ ကျပ် (၇၅) သိန်းပထမဆုရရှိသည့် MIU FC အသင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဆုကြေးငွေ ကျပ် (၁၀၀) သိန်းနှင့် ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

photo credit:MFF's facebook page
photo credit:MFF's facebook page

MFF MYANMAR FUTSAL LEAGUE 2019-2020 ပြိုင်ပွဲတွင် အဆင့် (၁၂) နေရာရရှိသော LET WEL THONE NARA FCအသင်း၊ အဆင့် (၁၁) နေရာရရှိသော FUTSAL CHIT THU FCအသင်းနှင့် အဆင့် (၁၀) နေရာရရှိသောAMM BROTHERS FC အသင်းတို့အား ဆုကြေးငွေ ကျပ် (၅) သိန်း ၊ အဆင့် (၉) နေရာရရှိသောDREAM TEAM FC အသင်းကို ဆုကြေးငွေ ကျပ် (၁၀) သိန်း၊ အဆင့် (၈) နေရာရရှိသောDO DO KO KO FC အသင်းကို ဆုကြေးငွေ ကျပ် (၁၅) သိန်း၊အဆင့် (၇) နေရာရရှိသော WINNER FC အသင်းနှင့် အဆင့် (၆) နေရာရရှိသော MYOMA JY FCတို့ကို ဆုကြေးငွေ ကျပ် (၂၀)သိန်းတို့ အသီးသီး ရရှိခဲ့ပါတယ်။

source :MFF's facebook page 

photo credit:MFF's facebook page
photo credit:MFF's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။