MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-6) ပွဲစဉ်တစ်ပွဲအဖြစ် ယနေ့ ညနေ လေးနာရီက သုဝဏ္ဏကွင်းတွင် ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ရှမ်းအသင်းမှ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပါတယ်။ပထမပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးစတင်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း ဇွဲကပင်အသင်း၏ မာမာထန်ထန် တုံ့ပြန်မှုများကြောင့် ဂိုးမရခဲ့ပေ။ 

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေကျခဲ့ပါတယ်။ဒုတိယပိုင်း ပွဲချိန် ၈၉ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးရခဲ့ပြီး ထောင့်ကန်ဘောမှတစ်ဆင့် မက်ဆီမင်က ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဇွဲကပင်အသင်းအနေဖြင့် ချေပဂိုး ပြန်လည်မသွင်းယူနိုင်ခဲ့သည့်အတွက် ရှမ်းယူနိုက်တက်အသင်းမှ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

တစ်ဖက်မှာတော့ဆောက်မြန်မာအသင်းအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်အသင်းက အိမ်ရှင်ဆောက်သမ်းမြန်မာအသင်းကို လူစားဝင် ကစားသမား သန်းပိုင်ရဲ့ သွင်းနဲ့ အတူ တစ်ဂိုး၊ ဂိုးမရှိဖြင့် နိုင်ပွဲ ရယူနိုင်ခဲ့တာပါ။ ပွဲစဉ်(၇)မှာ  ရန်ကုန်ယူနိုက်တက်အသင်းက ရှမ်းယူနိုက်တက်အသင်းနဲ့ ပွဲကြပ်ရင်ဆိုင် ကစားရမှာပါဖြစိပါတယ်။

source - Myanmar National League Facebook page

Photo Credit - Myanmar National League Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။