MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၆)ပွဲစဉ်တစ်ပွဲဖြစ်သည့် ISPE အသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့ ပွဲစဉ်ကို ယနေညနေက ISPE အိမ်ကွင်းဖြစ်သည့် မန္တလေးမြို့ မန္တလာသီရိကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြရာ စစ်ကိုင်းယူနိုက်တက်အသင်းက ISPE အသင်းကို ၆-၁ ဂိုးဖြင့်ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

စစ်ကိုင်းအသင်းအတွက် အနိုင်ဂိုးများကို နံပါတ်(၉၉) Patrick မှ၂၇မိနစ်၊ ၈၀မိနစ်နှင့် ၈၉မိနစ်တို့တွင် ဟက်ထရစ် သွင်းယူပေးခဲ့ပြီး Fridry မှ ၃၅မိနစ်၊အောင်ဟိန်းကျော် ၅၄မိနစ်နှင့် မျိုးမင်းဖြိုး ၈၄မိနစ် တို့တွင် အသီးသီးသွင်းယူခဲ့ကြပြီး ISPE အသင်းအတွက် ၁လုံးတည်းသောချေပဂိုးကို သန့်ဇင်မြင့် မှ ၇၆မိနစ်တွင်ပြန်လည်သွင်းယူပေးခဲ့ပါတယ် ။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

လာမည့်အပါတ် ၂၁.၂.၂၀၂၀ရက်နေ့တွင် ISPE အသင်းသည် မကွေးအသင်းနှင့် မန္တလာသီရိကွင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၂၃.၂.၂၀၂၀ရက်နေ့တွင် စစ်ကိုင်းယူနိုက်တက်အသင်းသည် ဟံသာဝတီယူနိုက်တက်အသင်း နှင့် ဂရင်းရွိုင်ရယ်ကွင်းတွင် ယှဉ်ပြိုင်သွားရမည်ဖြစ်ပါတယ် ။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။