ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ဖို့ဒ်ကား ကုမ္ပဏီပိုင်ရှင် ဟန်နရီ ဖို့ဒ် ငယ်စဉ်ဘဝက အင်ဂျင်နီယာ တစ်ဦးဖြစ်ခဲ့တဲ့ အကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ၁၈၉၁ ခုနှစ်တွင် ဖို့ဒ်ဟာ အယ်ဒီဆင် မီးလင်းရေး ကုမ္ပဏီတွင် အင်ဂျင်နီယာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂ နှစ်အကြာ ၁၈၉၃ ခုနှစ်တွင် အင်ဂျင်နီယာချုပ်ဖြစ်လာခဲ့ပါတယ်။

photo credit pngtree

ထိုအချိန်တွင် ဖို့ဒ်ဟာ အချိန်နှင့် ငွေကြေး လုံလောက်မှုရှိလာတဲ့အတွက် ဓာတ်ဆီ အင်ဂျင်များအပေါ် အာရုံစိုက်ကာ လေ့လာမှုများ ပြုလုပ်ခဲ့ပါတယ်။ ထိုအာရုံစိုက် လေ့လာမှုများအား ၁၈၉၆ ခုနှစ်တွင် အဆုံးသတ်ခဲ့ပြီး ဖို့ဒ်ဟာ "ဖို့ဒ် ကွာဒရီ ဆိုင်ကယ်" ဟုအမည်ပေးထားသော ကိုယ်ပိုင်ယာဉ်တစ်ခုကို မိမိအိမ်နောက်ပိုင်းရှိ အလုပ်ရုံတွင် ပြုလုပ်ခဲ့ကာ ထိုနှစ် ဇွန်လ ၄ ရက် တွင် စမ်းသပ်မောင်းနှင်ခဲ့ပါတယ်။ ဖို့ဒ် ကွာဒရီ ဆိုင်ကယ်အား အပေါ့စားသတ္ထုဖရိန်ဖြင့် တည်ဆောက်ထားပြီး ဘီးလေးဘီး တပ်ဆင်ထားတာ ဖြစ်ပါတယ်။ မြင်းကောင်ရေ ၄ ကောင်အား ဓာတ်ဆီအင်ဂျင်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဆလင်ဒါ နှစ်လုံးထိုး ဖြစ်ပြီး နောက်ပိုင်းတွင် စမ်းသပ်မောင်းနှင်မှု များစွာပြုလုပ်ခဲ့ကာ ဖို့ဒ်ဟာ သူ့ရဲ့ ဖို့ဒ်ကွာဒရီ ဆိုင်ကယ် တိုးတက်မှုရရှိရန် အပြင်း အထန် ကြိုးပမ်းခဲ့ပါတယ်။

photo credit pngtree

၁၈၉၆ ခုနှစ်တွင် ဖို့ဒ်ဟာ ကမ္ဘာကျော် တီထွင်ပါရဂူ သောမတ်စ်အယ်ဒီဆင်နှင့် ခင်မင်မှုရရှိခဲ့ကာ အယ်ဒီဆင်က ဖို့ဒ်ရဲ့ မော်တော်ယာဉ် အတွေ့အကြုံများအား အသိအမှတ်ပြုခဲ့ပါတယ်။ အယ်ဒီဆင်ရဲ့ အားပေးမှုကြောင့် ဖို့ဒ်ဟာ ဒီဇိုင်းအသစ်ပြုလုပ်ကာ သူ၏ ဒုတိယမြောက်မော်တော်ယာဉ်ကို ၁၈၉၈ ခုနှစ်တွင် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ထိုအချိန်တွင် ဖို့ဒ်ဟာ အယ်ဒီဆင် မီးလင်းရေး ကုမ္ပဏီမှ နှုတ်ထွက်လိုက်ပြီး ဒက်ထရွိုက် မော်တော်ကား ကုမ္ပဏီကို ၁၈၉၉ ခုနှစ် သြဂုတ်လ ၅ ရက်တွင် ထူထောင်ခဲ့ပါတယ်။ သို့သော်လည်း ဖို့ဒ် ထုတ်လုပ်ခဲ့သော ယာဉ်များဟာ အရည်အသွေး မကောင်းမွန်တဲ့အပြင် ဈေးနှုန်းလည်းကြီးမားနေတာကြောင့် လုပ်ငန်းများ မအောင်မြင်ဘဲ ၁၉၀၁ ခုနှစ် ဇန်နဝါရီလတွင် ကုမ္ပဏီကို ဖျက်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။ နောင်လည်း ဟင်နရီဖို့ဒ်ရဲ့ အကြောင်းတွေကို တင်ဆက်ပေးသွားမှာမလို့ ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။