ချစ်စရာကောင်းတဲ့ သမီးလေးကို အချိန်ပြည့် ဂရုစိုက်နေသူလေးကတော့ Treasure လေးရဲ့ မေမေ စန္ဓီမြင့်လွင်ပဲ ဖြစ်ပါတယ်။ သူမဟာ ဂီတလောကဘက်တွင် အောင်မြင်ရုံသာမကဘဲ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်း ဖန်တီးတည်ဆောက် ထားနိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ Treasure လေးဟာလည်း တစ်ဦးတည်းသော သမီးရတနာလေး ဖြစ်တာကြောင့် နှစ်ဖက်အဖိုးအဖွားတွေကလည်း အသည်းကျော်လေး ဖြစ်နေရတာပါ။

Photo Credit- Sandi Myint Lwin’s Instagram Stories
Photo Credit- Sandi Myint Lwin’s Instagram Stories
Photo Credit- Sandi Myint Lwin’s Instagram Stories

သူမရဲ့ သမီးလေးဟာလည်း ဖောင်းကစ်ကစ်လေးနဲ့ အသည်းယားစရာကောင်းနေတာကြောင့် ပရိသတ်တွေကလည်း ချစ်မဝဖြစ်နေကြတာပါ။ ဖေဖေနဲ့ မေမေဒီးဒီဟာလည်း အားလပ်ချိန်တိုင်းကို သမီးလေးနဲ့အတူ အချိန်ကုန်ဆုံးလေ့ရှိတာလည်း ဖြစ်ပါတယ်။ သမီးလေးရဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကိုလည်း လူမှုကွန်ယက်များတွင် မကြာခဏ ဝေမျှလေ့ရှိတာလည်း ဖြစ်ပါတယ်။

Photo Credit- Sandi Myint Lwin’s Instagram Stories
Photo Credit- Sandi Myint Lwin’s Instagram Stories
Photo Credit- Sandi Myint Lwin’s Instagram Stories

အခုတစ်ခါမှာလည်း သမီးလေးရဲ့ ဗီဒီယိုလေးကို ဒီးဒီရဲ့ Instagram Stories မှာ ဝေမျှလိုက်ပြန်ပြီပဲ ဖြစ်ပါတယ်။ ဒါကတော့ မေမေ့စန္ဒီမြင့်လွင်ရဲ့ ပေါင်ပေါ်မှာထိုင်ကာ ဆော့ကစားနေတဲ့ Treasure လေး Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကြည့်ရှုနိုင်ရန်အတွက် Treasure လေးရဲ့ ဗီဒီယိုကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit- Sandi Myint Lwin’s Instagram Stories

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။