ပရိသတ်တွေအရမ်းချစ်ခင်အားပေးရတဲ့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံနှစ်ယောက်ဟာဆိုရင် လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေကြပြီး ဇာတ်ကားတွေအများအပြားရိုက်ကူးနေကြတာဖြစ်ပါတယ်။ပြေတီဦးကလည်း ရှုတင်တွေမှာဆိုရင် အနုပညာမောင်နှမတွေကို မုန့်ဖိုးတွေပေးလေ့ရှိပြီး စိတ်သဘောထားကောင်းတာကြောင့် အနုပညာမောင်နှမတွေက သူ့ကိုဝိုင်းချစ်ကြပါတယ်နော်။

Photo Credit:Goon Sein's Facebook Account
Photo Credit:Kyu Kyu Thin's Facebook Account
Photo Credit:Kyu Kyu Thin's Facebook Account
Photo Credit:Goon Sein's Facebook Account

အိန္ဒြာကျော်ဇင်ကလည်း လူလည်းလှသလို စိတ်ထားလေးကလည်းဖြူစင်နူးညံ့တာကြောင့် လူချစ်လူခင်ပေါများပါတယ်နော်။အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနှစ်ယောက်က အနုပညာလောကမှာထိပ်တန်းစာရင်းဝင်တဲ့အနုပညာရှင်တွေဖြစ်ပေမယ့် မာန်မာနမကြီးဘဲ ဇာတ်ပို့သရုပ်ဆောင်တွေနဲ့လည်း ခင်မင်ရင်းနှီးစွာဆက်ဆံတတ်ပြီး လိုအပ်တဲ့အကူအညီတွေကိုလည်း တတ်နိုင်သလောက်ပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Ei Ei Tone's Facebook Account
Photo Credit:Kyu Kyu Thin's Facebook Account
Photo Credit:Ei Ei Tone's Facebook Account
Photo Credit:Ei Ei Tone's Facebook Account

အခုဆိုရင်လည်း အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံက ရှုတင်ရှိမှသာ ဆုံဖြစ်ကြတဲ့ အနုပညာမောင်နှမတွေကို ဖိတ်ပြီးအိမ်မှာညစာစားပွဲလေးစီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ဇာတ်ပို့သရုပ်ဆောင်တွေဖြစ်ကြတဲ့ အိအိတုန်၊ကြူကြူသင်း၊တက္ကသိုလ်ဂွမ်းပုံ၊ဝါဝါအောင်၊ကိုပေါက်စတဲ့သူတွေအပြင် တစ်ခြားသူတွေလည်းလာရောက်ကြပြီး အနုပညာမောင်နှမတွေ ပျော်ပျော်ပါးပါးနဲ့ဆုံတွေ့ခဲ့ကြတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Ei Ei Tone's Facebook Account
Photo Credit:Ei Ei Tone's Facebook Account
Photo Credit:Ei Ei Tone's Facebook Account
Photo Credit:Goon Sein's Facebook Account

Photo Credit:Ei Ei Tone/Kyu Kyu Thin/Goon Sein's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။