မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ ချစ်စရာကောင်းတဲ့အပြုံးအလှပိုင်ရှင်လေးဖြစ်ပြီး ကြည်လင်အေးချမ်းတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းက ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးပြီး အနုပညာလမ်းကြောင်းပေါ်မှာ အချိန်အတော်ကြာအောင် လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ်။ အခုတော့ သဉ္ဇာနွယ်ဝင်းက သားတစ်ယောက်၊သမီးတစ်ယောက်နဲ့ ပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝလေးကို ရရှိထားပါတယ်။

Photo Credit-Thinzar Nwewin's FB Acc
Photo Credit-Thinzar Nwewin's FB Acc
Photo Credit-Thinzar Nwewin's FB Acc
Photo Credit-Thinzar Nwewin's FB Acc

ဒါ့အပြင် သဉ္ဇာနွယ်ဝင်းက အသေးစိတ်ကအစ အရာရာဂရုစိုက်ကြင်နာတတ်တဲ့ ချစ်ခင်ပွန်းကြောင့်လည်း သူမရဲ့အိမ်ထောင်သည်ဘဝလေးက သာယာစိုပြေနေတာ ဖြစ်ပါတယ်။ နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်တင့်တယ်လွန်းတဲ့ သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံက အခုလည်း မင်္ဂလာပွဲလေးတစ်ခုကို အတူတူတက်ရောက်ခဲ့ကြပါတယ်။ အဖြူရောင်ဖက်ရှင်ဆင်တူလေးနဲ့ လိုက်ဖက်ညီစွာ တက်ရောက်ခဲ့တဲ့ သဉ္ဇာနွယ်ဝင်းတို့စုံတွဲလေးကတော့ အရမ်းကိုကြည်နူးဖို့ကောင်းနေတာ ဖြစ်ပါတယ်။

Photo Credit-Thinzar Nwewin's FB Acc
Photo Credit-Thinzar Nwewin's FB Acc
Photo Credit-Thinzar Nwewin's FB Acc
Photo Credit-Thinzar Nwewin's FB Acc
Photo Credit-Thinzar Nwewin's FB Acc
Photo Credit-Thinzar Nwewin's FB Acc

သဉ္ဇာနွယ်ဝင်းက " ဝမ်းကွဲညီမလေးလဲ့ရည်မင်္ဂလာဆောင် သတိုးသမီးလေးအရမ်းလှနေတာငေးရင်းနဲ့ သတို့သား သတို့သမီးပုံရိုက်ခဲ့ဖို့မေ့သွားတယ် " ဆိုပြီး ညီမလေးရဲ့မင်္ဂလာပွဲက အမှတ်တရပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းကတော့ ကလေးနှစ်ယောက်မွေးပြီးတာတောင်မှ အလှတွေလျော့သွားခြင်းမရှိဘဲ ပိုမိုနုပျိုလို့နေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံရဲ့ ကြည်နူးစရာပွဲတက်ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Thinzar Nwewin's FB Acc 

Photo Credit-Thinzar Nwewin's FB Acc
Photo Credit-Thinzar Nwewin's FB Acc
Photo Credit-Thinzar Nwewin's FB Acc
Photo Credit-Thinzar Nwewin's FB Acc
Photo Credit-Thinzar Nwewin's FB Acc
Photo Credit-Thinzar Nwewin's FB Acc
Photo Credit-Thinzar Nwewin's FB Acc
Photo Credit-Thinzar Nwewin's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။