မင်းသားချောလေး ခါရာကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ ဝန်းရံခြင်းကို အပြည့်အဝခံရတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ကိုရီးယား မင်းသားလေးအလား အထင်မှားရလောက်တဲ့ သူလေးက အခုလက်ရှိမှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ကြော်ငြာတွေ၊ သီချင်းMTVတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ သရုပ်ဆောင်ပီပြင်တာကြောင့် ပရိသတ်တွေရင်ထဲအချိန်တိုလေးအတွင်းရောက်ရှိလာတဲ့ သူဆိုရင်လည်းမမှားနိုင်ပါဘူးနော်။

Photo Credit; Khar Ra's fb account

မင်းသားချောလေး ခါရာက အခုဘာလီကျွန်းကို အနုပညာညီအကိုမောင်နှမတွေနဲ့ အတူ "နတ်"ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရေးအတွက် ရောက်ရှိနေတာပဲဖြစ်ပါတယ်။ "ဘာလီရှုတင်မှာတုန်းက ရိုက်ကူးရေးနားတုန်း အနုပညာညီအစ်ကို၊ မောင်နှမတွေ အမှတ်တရဓာတ်ပုံရိုက်ကြ.."ဆိုတဲ့ Captionလေးနဲ့ အတူ ချစ်ရတဲ့ အနုပညာရှင်တွေနဲ့ ရိုက်ထားတဲ့ ပုံလေးတွေကို သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှတဆင့် မျှဝေထားတာပဲဖြစ်ပါတယ်။ 

Photo Credit; Khar Ra's fb account

ခါရာက ရုပ်ရည်လေးကချောမောရုံသာမကပဲ စိတ်ဓါတ်လေးကလည်း မွန်မြတ်လှပတာကြောင့် သူရဲ့ ပရိသတ်တွေက အချစ်ပိုနေကြတာပဲဖြစ်ပါတယ်။ သူရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်တိုင်းကိုလည်း ဖေ့ဘွတ်စာမျက်နှာမှတဆင့် ပရိသတ်တွေကို မျှဝေပေးလျက်ရှိနေတာပဲဖြစ်ပါတယ်။ အခုလည်း ခါရာရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီး ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနာ်...။  

Photo Credit; Khar Ra's fb account
Photo Credit; Khar Ra's fb account
Photo Credit; Khar Ra's fb account

Photo Credit; Khar Ra's fb account

Source; Khar Ra's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။