မြန်မာဂုဏ်ဆောင်သက်ထားသူဇာကတော့ မြန်မာနိုင်ငံရဲ့ ဂုဏ်ကို မြင့်တင်ပေးနေတဲ့ နိုင်ံငံဂုဏ်ဆောင် ကြက်တောင်အားကစားမယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကတော့ ဆုတံဆိပ်ပေါင်းများစွာကို ရရှိပိုင်ဆိုင်ထားတဲ့ အားကစားမယ်တစ်ယောက်ဖြစ်ပြီး ယခုမှာ Olyampic ပြိုင်ပွဲဝင်ခွင့်ရရှိဖို့ အစွမ်းကုန်ကြိုးစားလျက်ရှိနေပါတယ်။

photo credit : THET HTAR Thuzar 's facebook page
photo credit : THET HTAR Thuzar 's facebook page

မြန်မာဂုဏ်ဆောင်သက်ထားသူဇာကတော့ Olyampic ပြိုင်ပွဲဝင်ခွင့်ရရှိမှု ပိုမိုသေချာစေရန် လိုအပ်လျက်ရှိသော အမှတ်များ စုဆောင်းရရှိရန်အတွက် ယခုလ ၁၆ ရက်နေ့မှစတင်ပြီး ဧပြီလ လယ် လောက်အထိ ပြိုင်ပွဲများဆက်တိုက်ယှဉ်ပြိုင်သွားပါမှာ ဖြစ်ကြောင်း သူမရဲ့ လူမှုကွန်ယက်ထက်မှာ ပရိသတ်တွေကို အသိပေးထားခဲ့ပါတယ်။

photo credit : THET HTAR Thuzar 's facebook page
photo credit : THET HTAR Thuzar 's facebook page

သူမကတော့ ယခုမှာ ပထမဆုံးပြိုင်ပွဲအဖြစ် Kampala မြို့၊ Uganda နိုင်ငံမှာ ကျင်းပမယ့်Uganda International 2020 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ယနေ့ နံနက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာသွားပြီဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူမကို အောင်မြင်မှုတွေရယူနိုင်ပါစေကြောင်း ဆုတောင်းပေးနေကြပါတယ်။

source: THET HTAR Thuzar 's facebook page 

photo credit : THET HTAR Thuzar 's facebook page
photo credit : THET HTAR Thuzar 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။