ထိုင်းမင်းသားလေးလို ချောမောခန့်ညားတဲ့ရုပ်ရည်လေးနဲ့ အမိုက်စားbodyအချိုးအစားကိုပိုင်ဆိုင်ထားတဲ့ မင်းသားချောပိုင်တံခွန်ကို ပရိတ်သတ်ကြီးသိကြမယ်ထင်ပါတယ်နော်။ သူဟာ ဆံပင်အရှည်လေးနဲ့ကြည့်ကောင်းလှတဲ့ မင်းသားချောလေးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အပြုံးတွေဟာဆိုရင်လည်း နှုတ်ခမ်းနီမလေးတွေကို ကြွေကျသွားစေနိုင်ပါတယ်နော်။ ပိုင်တံခွန်ဟာ လတ်တလောတွင်ပွဲအခမ်းအနားများတက်ရောက်နေပြီး ပြည်ပနိုင်ငံများနဲ့လည်းပူးပေါင်းကာအနုပညာအလုပ်တွေလုပ်ဆောင်နေတာပါနော်။


ပိုင်တံခွန်ဟာ မကြာသေးမီကသူ့ရဲ့facebookစာမျက်နှာတွင် လတ်တလောပရိတ်သတ်တွေကြားမှာရေပန်းစားနေတဲ့ သီချင်းလေးနဲ့ချစ်စရာtik tokဗီဒီယိုလေးတစ်ခုကိုတင်ပေးလာပါတယ်။ သူဟာ အသည်းယားစရာပို့စ်လေးတွေနဲ့အတူ လွတ်လပ်ပေါ့ပါးစွာ ဆော့ထားတာဖြစ်ပါတယ်။


ပိုင်တံခွန်ဟာ ရွှေဖူးစာဆိုတဲ့ရုပ်ရှင်ကားကြီးကို ဖွေးဖွေး၊ယွန်း၀တီလွင်မိုးတို့နဲ့အတူ ရိုက်ကူးတော့မှာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော ပိုင်တံခွန်လေးကိုချစ်ခင်အားပေးကြမယ်မလား။ အသည်းယားစရာကောင်းတဲ့ ပိုင်တံခွန်ရဲ့tik tokလေးကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Source-Paing Takhon's Facebook acc

Photo Credit-Paing Takhon's Facebook acc

Video Credit-Paing Takhon's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။