မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ယောက်ျားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေရဲ့အားပေးမှုကိုပါ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ တစ်ခေတ်တစ်ချိန်ကတည်းက ပရိသတ်တွေရဲ့နှလုံးသားကို သိမ်းပိုက်ရယူခဲ့တဲ့ သင်ဇာက လက်ရှိအချိန်မှာဆိုရင် အားလုံးရဲ့စိတ်ဝင်စားမှုကို ပိုမိုရရှိနေတဲ့ မင်းသမီးတစ်လက်လို့လည်း ဆိုနိုင်ပါတယ်။ သူမရဲ့အလန်းစားဖက်ရှင်တွေနဲ့ ပွဲတက်ပုံရိပ်တွေက ပရိသတ်တွေအားလုံးကို ပါးစပ်အဟောင်းသားဖြစ်စေလောက်တာပဲ ဖြစ်ပါတယ်။

Photo Credit-Thin Zar Wint Kyaw's FB Acc
Photo Credit-Amazing Grace
Photo Credit-Amazing Grace

သင်ဇာက အမိုက်စားဖက်ရှင်တွေကို အမြဲလိုလိုဝတ်ဆင်လေ့ရှိပေမယ့်လည်း နေရာဒေသနဲ့ကိုက်ညီအောင် အဝတ်အစားကို သေသေချာချာ ရွေးချယ်ဝတ်ဆင်လေ့ရှိတာ ဖြစ်ပါတယ်။ ကျစ်လစ်လှပတဲ့ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားတဲ့ သင်ဇာက အမြဲတမ်းလိုလို GYM ကစားလေ့ရှိတာလည်း ဖြစ်ပါတယ်။ အခုလည်း သင်ဇာက "ဂျင်ရူးလေးတစ်ယောက်ပါ" ဆိုပြီး "Balance Fitness" မှာ GYM ကစားဖို့ရောက်ရှိနေကြောင်း ပုံလေးတွေကို တင်ထားတာဖြစ်ပါတယ်။

Photo Credit-Amazing Grace
Photo Credit-Thin Zar Wint Kyaw's IG Acc
Photo Credit-Thin Zar Wint Kyaw's FB Story

သင်ဇာကတော့ ဆွဲဆောင်မှုရှိတဲ့ကောက်ကြောင်းအလှတွေနဲ့ သူမရဲ့Body လေးကို လေ့ကျင့်ခန်းတွေလုပ်ရင်းနဲ့ပဲ ဆက်လက်ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ ဘယ်လိုနေနေလှနိုင်လွန်းတဲ့ သင်ဇာဝင့်ကျော်က အခုလည်း ရင်ခုန်ချင်စရာကောင်းလောက်အောင်ကို လှနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် GYM ကစားဖို့ပြင်ဆင်နေတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့ အမိုက်စားပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Thin Zar Wint Kyaw's FB Story

Photo Credit-Thin Zar Wint Kyaw's FB Story
Photo Credit-Thin Zar Wint Kyaw's FB Acc
Photo Credit-Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။