အဆိုတော်၊သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နန်းဆုရတီစိုးကတော့ တစ်ခေတ်တစ်ခါကတည်းကအနုပညာအလုပ်တွေကိုလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်အများအပြားကိုပိုင်ဆိုင်ထားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။နန်းဆုရဲ့အနုပညာသက်တမ်းကတော့ ၁၀စုနှစ်ကျော်လည်းရှိနေပြီဖြစ်လို့ အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့အတူရပ်တည်နေပြီး လက်ရှိမှာလည်း အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေကာ သီချင်းကောင်းလေးတွေကိုလည်းဖန်တီးနေတာဖြစ်ပါတယ်။

Photo Credit:Nansu Yati Soe's Facebook Account
Photo Credit:Nansu Yati Soe's Facebook Account
Photo Credit:Nansu Yati Soe's Facebook Account

နန်းဆုရဲ့သီချင်းလေးတွေဟာဆိုရင်လည်း လူငယ်ပရိသတ်တွေကြားမှာအရမ်းရေပန်းစားပြီး ခံစားလို့ကောင်းတဲ့သီချင်းလေးတွေဖြစ်ပါတယ်။လတ်တလောမှာဆိုရင်တော့ နန်းဆုကဇာတ်ကားတွေရိုက်တာအလှမ်းကျဲသွားပေမယ့် သီချင်းတွေကိုတော့ အကောင်းဆုံးကြိုးစားနေကာ ပွဲတွေမှာလည်း ဖျော်ဖြေနေတာကိုတွေ့ရပါတယ်နော်။ပရိသတ်တွေကတော့ နန်းဆုရဲ့အနုပညာလှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်ပြီး တစ်ခဲနက်အားပေးဝန်းရံနေကြတာဖြစ်ပါတယ်။

Photo Credit:Nansu Yati Soe's Facebook Account
Photo Credit:Nansu Yati Soe's Facebook Account
Photo Credit:Nansu Yati Soe's Facebook Account

အခုဆိုရင်တော့ နန်းဆုရတီစိုးက ငပလီကမ်းခြေကိုရောက်ရှိနေပြီး စိတ်အေးချမ်းသာစွာ အပန်းဖြေနေတာဖြစ်ပါတယ်။နန်းဆုကတော့ ကမ်းခြေမှာ အမိုက်စားဖက်ရှင်တွေနဲ့အရမ်းလန်းနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက်လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေခဲ့တာဖြစ်ပါတယ်။ဖြူဖွေးဝင်းမွတ်နေတဲ့ပေါင်တံသွယ်သွယ်လေးကအတိုင်းသားပေါ်လွင်နေပြီး အရုပ်မလေးလိုချစ်ဖို့ကောင်းနေတဲ့ နန်းဆုရဲ့ပုံရိပ်လေးတွေကိုချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Nansu Yati Soe's Facebook Account
Photo Credit:Nansu Yati Soe's Facebook Account
Photo Credit:Nansu Yati Soe's Facebook Account

Source&Photo Credit:Nansu Yati Soe's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။