မအေးသောင်းလို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး အေးဝတ်ရည်သောင်းကတော့ ရင့်ကျက်တည်ငြိမ်ပြီး မြင်သူတိုင်း အေးချမ်းစေမဲ့ အလှတရားတွေနဲ့ ပရိသတ်တွေကို အမြဲတမ်း အချစ်တွေပိုစေတဲ့ သူလေးဖြစ်ပါတယ်။ သူမဟာ မိန်းကလေးဆန်ဆန် စွဲမက်ဖွယ်ကောင်းတဲ့ Body အမိုက်စားလေးကို ပိုင်ဆိုင်ထားသူလေး ဖြစ်တာကြောင့် မိန်းကလေးအများစုရဲ့ အားကျခြင်းကို ခံနေရသူလေးလည်းဖြစ်ပါတယ်။

Photo Credit : Aye Thaung Facebook Account
Photo Credit : Aye Thaung Facebook Account

သူမဟာ တစ်ခေတ်တစ်ချိန်ထဲက နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသမီးချောလေးဖြစ်ပြီး ယနေ့တိုင် အောင်မြင်မှုရရှိနေတဲ့သူလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း လိမ္မော်ခြံထဲမှာ ချစ်စရာဟန်ပန်လေးတွေနဲ့ ရိုက်ထားတဲ့ အမိုက်စားပုံလေးတွေကို သူမရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားပါတယ်။ပုံလေးထဲမှာ မအေးသောင်းတစ်ယောက် အရမ်းချစ်ဖို့ကောင်းနေတာကြောင့်ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ်။

Photo Credit : Aye Thaung Facebook Account
Photo Credit : Aye Thaung Facebook Account

သူမဟာ ပီပြင်တဲ့ သရုပ်ဆောင်မှုပါမက မြန်မာဆန်ဆန် အမြဲဝတ်တက်တဲ့ သူမရဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ယဉ်ယဉ်လေး ဖက်ရှင်ကျမှုကြောင့်လည်း ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်မာ ရထားသူလည်းဖြစ်ပါတယ်။ မြန်မာဝတ်စုံလေးတွေနဲ့ လိုက်ဖက်ပြီး ကျက်သရေရှိတဲ့ သူမရဲ့ဖက်ရှင်ကလည်း ပရိတ်သတ်တွေကို မရိုးရအောင် အမြဲဆွဲဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးတွက် မအေးသောင်းရဲ့ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photo Credit : Aye Thaung Facebook Account
Photo Credit : Aye Thaung Facebook Account

Source & Photo Credit : Aye Thaung Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။