MRTV-4မှာ ပြသတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်ရဲ့ အားပေးမှုကိုရရှိကာ အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုများစွာနဲ့ ရပ်တည်နေသူလေးကတော့ မင်းသမီးချောလေး ခေးဆက်သွင်ပဲဖြစ်ပါတယ်။ သူမက ကျရာဇာတ်ရုပ်မှာပီပြင်စွာသရုပ်ဆောင်တက်မှုတို့ကြောင့် ပရိသတ်ရင်ထဲကို အချိန်တိုလေးအတွင်း ရောက်ရှိလာနိုင်သူလည်းဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေ၊ ကြော်ငြာတွေနဲ့ ပွဲအခမ်းအနားတွေကို တက်ရောက်လျက်ရှိနေတာပဲဖြစ်ပါတယ်။

Photo Credit; Khay Sett Thwin's FB

ချစ်စရာကောင်းပြီး ချိုသာလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ ယခုမှာ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုရယူထားနိုင်သူလေးပဲ ဖြစ်ပါတယ်။ သူမကတော့ ယခုမှာ ရှည်လျားတဲ့ ဆံပင်အရှည်ကို ညှပ်ပလိုက်ပြီး ဆံပင်အတိုလေးနဲ့ လှပနေခဲ့ပါတယ်။ ဆံပင်အတိုလေးနဲ့ လိုက်ဖက်ညီစွာလှပနေတဲ့ သူမကို ပရိသတ်တွေ အချစ်ပိုမိကြမှာ အမှန်ပါပဲနော်..။ 

Photo Credit; Khay Sett Thwin's FB
Photo Credit; Khay Sett Thwin's FB

မင်းသမီးချောလေး ခေးဆက်သွင်က ကိုယ်လုံးလေးကလည်း ကျစ်လျစ်လှပသလို ဆွဲဆောင်မှုလည်းရှိတာကြောင့် ပုရိသယောကျာ်းလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကို ခံရတဲ့ သူလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း သူမက "ယူရီပွဲတက်မှာ တွဲလက်လေးတစ်ဖက်တော့ လိုအပ်နေပြီ..... ကဲ.....ခင်းချ"ဆိုတဲ့ Captionလေးနဲ့ အတူ လှပစွာပွဲတက်ရောက်လာတဲ့ သူမရဲ့ ပုံရိပ်များကို ဖေ့ဘွတ်စာမျက်နှာမျှတဆင့်မျှဝေထားတာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးအတွက် မင်းသမီးချောလေး ခေးဆက်သွင်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်...။

Photo Credit; Khay Sett Thwin's FB
Photo Credit; Khay Sett Thwin's FB
Photo Credit; Khay Sett Thwin's FB

Source&Photo Credit; Khay Sett Thwin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။