ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ခြူးလေးပဲ ဖြစ်ပါတယ်။ သူမဟာ ရုပ်သံဇာတ်လမ်းတွဲများမှ တစ်ဆင့် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။ သူမရဲ့သရုပ်ဆောင်မှုတွေဟာလည်း တစ်ကားထက်တစ်ကား ပိုမိုကောင်းမွန်ပီပြင်လာတာကြောင့်လည်း အနုပညာရှင်များကပါ ချီးကျုးနေရတာပဲ ဖြစ်ပါတယ်။  

Photo Credit - Chue Chue's Facebook Page
Photo Credit - Chue Chue's Facebook Page
Photo Credit - Chue Chue's Facebook Page

ခြူးလေးဟာ လတ်တလောမှာလည်း ကြော်ငြာလေးတွေနဲ့ နယ်ပွဲတွေမှာ သီချင်းသီဆိုဖျော်ဖြေပေးနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ ခြူးလေးဟာ Tik Tok လေးတွေလည်း မကြာခဏ ဆော့ကစားလေ့ရှိပြီး ပရိသတ်တွေကလည်း သူမကို Tik Tok ဘုရင်မလို့တောင် တင်စားခေါ်ဝေါ်နေကြတာလည်း ဖြစ်ပါတယ်။  

Photo Credit - Chue Chue's Facebook Page
Photo Credit - Chue Chue's Facebook Page
Photo Credit - Chue Chue's Facebook Page

အခုမှာလည်း သူမရဲ့ Facebook Page မှာTik Tok Video လေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မင်းသားချောလေးနေတိုးနဲ့အတူ အတွဲညီညီကကာ Tik Tok ဆော့ကစားထားတဲ့ ခြူးလေးရဲ့ Video လေးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ကြော်ငြာရိုက်ကူးနေကြတာဖြစ်ပြီ အားလပ်ချိန်လေးမှာ Tik Tok ကစားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ခြူးလေးနဲ့နေတိုးတို့ရဲ့ Tik Tok Video လေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit - Chue Chue's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။