ရိုးသားပွင့်လင်းစွာနေထိုင်တတ်သူတစ်ယောက်ဖြစ်ပြီး ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိထားတဲ့သူလေးကတော့ မင်းသမီးချောလေးဖြူဖြူထွေးပါ။ သူမဟာ ပျော်စရာtik tokလေးများ ဟာသvideoလေးများကိုလည်း ရိုက်ကူးတင်ဆက်လေ့ရှိပြီး မိဘကိုလည်းသိတတ်လိမ္မာကာ လုပ်ကျွေးပြုစုနေသူတစ်ယောက်ပါနော်။ ဖြူဖြူထွေးဟာ လတ်တလောတွင်ကြော်ငြာများ၊ပွဲအခမ်းအနားများတက်ရောက်ရိုက်ကူးနေပြီး ရုပ်ရှင်ကားများလည်းရိုက်ကူးနေပြီဖြစ်ပါတယ်။
မကြာသေးမီက ဖြူဖြူထွေးဟာသူမရဲ့ facebookစာမျက်နှာတွင် "မင်းဒို့ အိမ်မှာ ဘာတွေကူလုပ်ပေးရမလဲ ပြောလေ??ကျွိကျွိ မီးဖိုချောင်သန့်စင်ဆေးရည်နဲ့ မှန်ကြည်ဆေး ကြော်ငြာရိုက်ကူး" ဆိုတဲ့captionလေးနဲ့ ပုံလေးတွေတင်ပေးလာပါတယ်။ သူမဟာ အိမ်အကူကလေးမလေးတစ်ယောက်လို ချစ်စရာဂါ၀န်အပြာလေးကို ၀တ်ဆင်ထားတာဖြစ်ပါတယ်။
ဖြူဖြူထွေးဟာ လတ်တလောတွင် သူမရဲ့မွေးနေ့အလှူပွဲကြီးကို မွေးရပ်မြေရွာလေးမှာစည်ကားစွာ ကျင်းပနိုင်ရန်အတွက် စီစဉ်နေတာလည်းဖြစ်ပါတယ်နော်။ ပရိတ်သတ်ကြီးရော ဖြူဖြူထွေးလေးကိုအားပေးကြမယ်မလား။ ချစ်စရာကောင်းနေတဲ့ ဖြူဖြူထွေးရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။
Source-Phyu Phyu Htwe's Facebook acc
Photo Credit-Phyu Phyu Htwe's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။