လမ်းမှာတွေ့တဲ့ အမြင်မတော်အောင် ယိုင်နဲ့နေတဲ့ အိမ်ကလေးကို ချက်ခြင်း အိမ်ပြင်ဖို့ အလှူငွေထုတ်ပေးတဲ့ မြန်မာပြည်က သူဌေး

သာဓုခေါ်စရာ တကယ်အလှူပါဘဲနော်။ လမ်းမှာတွေ့တဲ့ အမြင်မတော်အောင် ယိုင်နဲ့နေတဲ့ အိမ်လေးကို

ချက်ခြင်း ပြင်ဖို့ အလှူငွေထုတ်ပေးလိုက်တဲ့ သူဌေးကတော့

စိုးလျှပ်စပ်ရောင်းဝယ်ရေးက ဦးစိုးတင့်ဘဲဖြစ်ပါတယ်။

အရင်ကလည်း ဆိုက်ကားသမားတွေကို အလှုငွေလှုပြီး ၂ လမ်းတံတားသွားအကြည့်မှာအမြင်မတော် အိမ်လေးတစ်လုံး

ယိုင်နဲ့နေတာတွေ့တော့ ချက်ချင်းဘဲအိမ်ပြင်ဘို့ ငွေ ကျပ်တစ်ဆယ်သိန်းတိတိ (1000000/) ကိုပေးလှုခဲ့ပါသေးတယ်။

်လူတော်တော်များ ဒီအလှူကိုသာဓုခေါ်ခဲ့ပြီး ဒီလိုအလှူစစ်မျိုး လှူတာကမှ တကယ်ကုသိုလ်ရတယ်လို့လည်း ပြောခဲ့ကြပါတယ်။

ဦးစိုးတင့်အကြောင်းကိုလည်း ကျွန်နော်သိသောဦးစိုးတင့်အကြောင်းတင်ပြလိုပါသည်။၁၉၉ဝခုနှစ်အစပိုင်းဟုမှတ်မိနေပါသည်။ပဲခူးတိုင်းလျှပ်စစ်တွင်တာဝန်ဆောင်နေချိန်ဖြစ်ပါသည်ကျွန်နေနာ်ဆရာဦးလှကြည်ထံဦးစိုးတင့်ရောက်လာသည် ယခင်ကသူတို့သူငယ်ချင်း၂ဦးရန်ကုန်လျှပ်စစ်ရုံးချုပ်မှာဝပ်ရှော့အတူတူလုပ်ခဲ့ကြတာ ကျွန်တော်နဲ့မိတ်ဆက်ပေးလို့ဦးစိုးတင့်နဲ့သိခဲ့ရတာပါ သူရောက်လာတာကပဲခူးတိုင်းအတွင်းကလောင်ကျွမ်းသွားတဲ့ထရမ်စဖေါ်မာများကိုပြုပြင်ပေးဖို့လာရောက်ခြင်းဖြစ်ပါသည် ထိုစဉ်ကမြန်မာပြည်တွင်ထရမ််စဖေါ်မာပြုပြင်ရေးမှာတော်တော်ခက်ခဲနေသောအချိန်မှာ မြန်မာပြည်သားပညာရှင်တဦးအနေဖြင့်ကျွမ်းကျွမ်းကျင်ကျင်ပြင်ဆင်ပေးခဲ့သည့်အတွက်ပဲခူးတိုင်းအတွင်းကထရမ်စဖေါ်မာအကြီးအသေးဓါတ်အားခွဲရုံများအတော်များများထရမ်စဖေါ်မာလောင်ကျွမ်းခြင်းအတွက်ပြေလည်အောင်ဖြေရှင်းနိုင်ခဲ့ပါတယ် ၉၂နောက်ပိုင်းပဲခူးတိုင်းစက်မှု့လက်မှုပြပွဲမှာsoe ထရမ်စဖေါ်မာအရောင်းပြခန်းလာပြတယ် ကျွန်နော်ကဥသာကုန်တိုက်တည်းခိုရိပ်သာမှာမီးတတ်ဆင်ရေးလုပ်နေချိန်ဦးစိုးတင့်နှင့်မမျှော်လင့်ဘဲတွေဆုံဖြစ်ပါတယ် ပြပွဲလာပြကြောင်းသိရပါတယ် တောင်ဒဂုံစက်မှုဇုံမှာထရမ်စဖေါ်မာစက်ရုံဖွင့်ထားကြောင်းသူပြောပြပါသည်လျှပ်စစ်တတ်ဆင်ရေးလုပ်ငန်းထရမ်စဖေါ်မာတတ်ဆင်ရေးကျေးရွာမီးလင်းရေးအတော်များများကိုရွှေဂုံတိုင်ရုံးချုပ်မှာတရမ်စဖေါ်မာဝယ်ယူရင်းမကြာခဏတွေ့ဖြစ်ခဲ့ပါတယ် မြန်မာလူမျီူးပိုင်ကုမ္မဏီဖြစ်ပြီးမိမိရဲ့Epcကသူ့ရဲ့ဆရာသမားအငြိမ်းစားများ။လုပ်ဖေါ်ကိုင်ဖက်များကိုထိုက်သင့်သောနေရာတွင်အလုပ်ပေးထားပြီးအလှူရေစက်လက်နှင့်မကွာဆိုသလိုလှူဒါန်းသမှု့ပြုနေသူတဦးပါ

၂၀၁၂္ဒနောက်ပိုင်းရောက်တော့ရှမ်းရွာကြီး ။ ဘောနပ်ကြီး ။ကလိ တပ်ကလေး ပြည်တော်သာကျေးရွာမီးလင်းရေးအတွက်တောင်ဒဂုံစက်ရုံကိုရောက်ခဲ့တယ်ရွာလူကြီးတွေလည်းပါတာပေါ့ ဒါပေမဲ့ဦးစိုးတင့်ကိုမတွေ့့ရဘဲသားဖြစ်သူကိုအောင်မင်းထွန်းထင်ပါသည်လုပ်ငန်းကိုပခုံးပြောင်းတာဝန်ယူတာကိုတွေ့ရတယ် သူလည်းသူအဖေလိုပါဘဲကျွန်နော်တို့အပေါ်မှာတာဝန်ကျေခဲ့ပါတယ်ဦးစိူးတင့်ကတော့ကျေးရွာတွေမှာအလှုူသွားလုပ်နေကြောင်းသိရှိရပါသည်

စက်ရုံကိုလည်း ဂျပန်ဟီတာချီကုမ္မဏီနဲ့ပူးပေါင်းလိုက်နဲ့အတွက်ဦးစိုးတင့်ရဲ့ထရမ်စဖေါ်မာဟာအရည်အသွေးမြင့်မားလာပြီးအခုဆိုလျှင်အနောက်နိုင်ငံစျေးကွက်မှာmade in myanmarထရမ်စဖေါ်မာနေရာတော်တော်ရရှိနေပါပြီ မန္တလေးတိုင်းအတွင်းကရွာအတော်များများမီးလင်းရေးအတွက်ဗထရမ်စဖေါ်မာတွေလှူဒါန်းနေသူပါ ဟိုတလောကလည်းနေပြည်တော်ဖက်မှာရွာတွေကိုအလှူငွေထောက်ပံ့ခဲ့ကိုလက်တွေ့ခံစားရတဲ့သူတဦးကပြောပြခဲ့ပါတယ်

အခုလည်းပန်းပွင့်တင်ထားတဲ့postအရဆိုက်ကားသမားတွေကိုအလှူငွေလှူပြီး၂လမ်းတံတားသွားအကြည့်မှာအမြင်မတော်အိမ်လေးတလုံးယိုင်နဲ့နေတာတွေ့တော့ချက်ချင်းဘဲအိမ်ပြင်ဖို့ငွေကျပ်၁ဝသိန်းကိုပေးလှူခဲ့ပါသေးသည်လို့ဖတ်လိုက်ရလို့အလှူရှင်ဦးစိုးတင့်နဲ့မိသားစုကျန်းမာချမ်းသာပါစေ သူလိုလူရှားမှရှား အသက်ရှည်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်

တခိိျန်ကမိတ်ဆွေကောင်း uyt ဦးရဲထွန်း ဆိုပြီးတော့လည်း ဦးစိုးတင့်ရဲ့အကြောင်းကို သတိတရ ရေးထားတာ တွေ့ရပါတယ်။

ဓာတ်ပုံ credit - Tin Mar Oo (ပျဉ်းမနား)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။