အဆိုတော်ပိုပိုကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ မိန်းကလေးတွေရဲ့ အားပေးမှုကို ရရှိထားရုံသာမက ယောကျာ်းလေးတွေရဲ့ အားပေးမှုကို ရရှိထားတဲ့ သူမကတော့ အချစ်သီချင်းလေးတွေ အလွမ်းသီချင်းလေးတွေကို သီဆိုတတ်တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit : popo 's facebook page
photo credit : popo 's facebook page

ဆယ်ကျော်သက်လူငယ်တွေ အသည်းစွဲကြိုက်နှစ်သက်ခဲ့ရတဲ့ သူမရဲ့ သီချင်းလေးတွေနားထောင်လို့ ရိုးသွားတယ်မရှိဘဲ အမြဲနားထောင်လို့ကောင်းနေဆဲဖြစ်ပါတယ်။ သီချင်းသစ်လေးတွေလည်း ထွက်ရှိထားသလို နောက်ထပ်သီချင်းသစ်လေးတွေကို ထွက်ရှိဖို့ကြိုးစားနေတဲ့ သူမကတော့ အမိုက်စားပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက် တင်ပေးလေ့ရှိပါတယ်။

photo credit : popo 's facebook page
photo credit : popo 's facebook page
photo credit : popo 's facebook page

သူမကတော့ ယခုမှာ သူမရဲ့အအောင်မြင်ဆုံးအခွေလေးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ albumနာမည်လေးကို ကျောကုန်းမှာ Tattooထိုးလိုက်ပါတယ်။ ချစ်ဖူးခဲ့သမျှဆိုတဲ့ albumလေးနဲ့ သူမကို ပရိသတ်တွေစတင်သိရှိလာကြပြီး အဆိုပါalbumလေးဟာ သူမရဲ့ ဘဝရဲ့ မှတ်ကျောက်တစ်ခုဆိုရင်လည်းမမှားပါဘူး။ ချစ်ပရိသတ်တွေအတွက် ပိုပိုရဲ့ Tattooထိုးနေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

source: popo 's instagram account 

photo credit : popo 's instagram account
photo credit : popo 's instagram account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။