ငယ်ငယ်တုန်းက အရမ်းကြိုက်ခဲ့တဲ့ Westlife အဆိုတော်အဖွဲ့က သီချင်းအသစ်တွေထွက်တော့ မယ်လို့နာမည်ကြီး သီချင်းရေးဆရာ Albert Hammond စီက ကြားသိရပါတယ်။

နာမည်ကြီး အဆိုတော်တွေအတွက်ပဲ သီချင်းရေးတဲ့ သီချင်းရေးဆရာက Westlife ကို သီချင်းလောကထဲကိုပြန်လည်ခေါ်ဆောင်သွားမယ်လို့ ကြိမ်းဝါးထားပါတယ်။

Daily Star သတင်းစာကို ပြောကြားချက်အရ 'ကျွန်တော်က အခု Louis (Westlife ထဲက အဆိုတော်) နဲ့ အတူတူ အိုင်ယာလန်(Ireland) ကိုရောက်ရှိနေတာပါ။ သူကကျွန်တော့်ကို သီချင်းတွေရေးခိုင်းပြီးတော့ Westlife အဖွဲ့ကို ပြန်လည်အသက်သွင်းတဲ့နေရာမှာပါဝင်စေချင်နေပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက လူတွေရဲ့ အသဲနှလုံးကို ကိုင်လှုပ်ခဲ့တဲ့ Westlife အဖွဲ့ရဲ့ သီချင်းအသစ်တွေကို နားထောင်ရတော့မယ်ဆိုတော့ ပျော်စရာကြီးနော်။

translated by Anna

Source: radioone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။