မမြတ်လေးလို့အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပြည်သူ့အသည်းကျော် မင်းသမီးချောလေး အေးမြတ်သူကတော့ ချစ်စကောင်းတဲ့ပုံရိပ်လေးတွေနဲ့ အမြဲဖမ်းစားတတ်သူလေးပဲ ဖြစ်ပါတယ်..။
ချိုမြိန်တဲ့အပြုံးချိုချိုလေးတွေကို အမြဲပေးတတ်တဲ့ မမြတ်လေးကတော့ ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိကာ အေးချမ်းတဲ့အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားသူလေးမို့ ပရိသတ်တွေအားလုံးက အချစ်ပိုနေကြတာပါ..။
ပရိသတ်အချစ်တော် မမြတ်လေးကတော့ အခုတစ်ခါမှာလည်း ပအို့ဝ်ရိုးရာဝတ်စုံလေးကို ချစ်စရာကောင်းစွာ လိုက်ဖက်ညီညီ ဆင်မြန်းပြီး ပအို့ဝ်တိုင်းရင်းသူလေးအဖြစ် ပရိသတ်တွေကို သဘောကျစေပြန်ပါတယ်နော်..။
ပအိုဝ့်တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ကုသိုလ်ပွဲလေးဖြစ်တဲ့ ရှင်ပြုအလှူလေးမှာ ချစ်စရာကောင်းတဲ့ ပအို့ဝ်ကွမ်းတောင်ကိုင်မလေးအဖြစ် မမြတ်လေးက ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်နော်..။
ချစ်စရာကောင်းပြီး ပျော်ရွှင်ကြည်နူးစရာလည်းကောင်းတဲ့ အလှူအမှတ်တရပုံရိပ်လေးတွေကိုလည်း မမြတ်လေးက ချစ်ပရိသတ်တွေ အားလုံးကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်နော်..။
"အရမ်းကို ချစ်စရာကောင်းတဲ့ ပအိုဝ့်ရှင်ပြုအလှူလေးမှာ
ပအိုဝ့်ကွမ်းတောင်ကိုင်မလေး.......
ချစ်စရာကောင်းပြီးမတူညီတဲ့... ရိုးရာဓလေ့ကုသိုလ်ပွဲလေးကို .... ကုသိုလ်ပြုရင်းလေ့လာခွင့်ရခဲ့ပါတယ်ရှင့်
ကိုယ်ပိုင်စာ.... ကိုယ်ပိုင်စကား... ကိုင်ပိုင်ယဉ်ကျေးမှု့တွေ ကို ခုချိန်ထိအမြတ်တနိုးထိန်းသိမ်းနေတဲ့ ... ပအိုဝ့်တိုင်းရင်းသားတွေ အရမ်းချစ်စရာကောင်းတယ်ရှင့်..." ဆိုပြီးတော့ အမှတ်တရလေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်..။
Source - Aye Myat Thu's FB Page
Photo Credit - KYAW ZAWW HEIN soloburma
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။