ပရိသတ်ကြီးရေ.. သရုပ်ဆောင်နေဒွေးကတော့ ကိုယ်ထိလက်ရောက်ကျူးလွန် နာကျင်စေမှုဖြစ်တဲ့ ပုဒ်မ(၃၂၃)နဲ့ ရည်းစားဟောင်းဖြစ်သူ သံစဉ်မောင်ရဲ့ တရားစွဲဆိုမှုကို ခံထားရပြီး အမှုရင်ဆိုင်နေတာကိုလည်း ပရိသတ်တွေအားလုံးအသိပါပဲနော်..။

နေဒွေးကတော့ ရည်းစားဟောင်သံစဉ်မောင်နဲ့ ဖြစ်တဲ့အမှုကိစ္စတွေအတွက် ရင်ဆိုင်ဖြေရှင်းသွားမှာဖြစ်ပြီး အမှုနိုင်ရင် သူ့ရဲ့ဂုဏ်သိက္ခာအတွက် ပြန်လည်ပြီး တရားစွဲဆိုသွားမှုတွေ ပြုလုပ်သွားမယ့်အကြောင်းနဲ့ အမှုကိစ္စတွေအကြောင်း ပြောပြလာပါတယ်..။


Photo Credit - Nay Dway's FB Account
Photo Credit - Nay Dway's FB Account

ချစ်သူဟောင်းဘက်က တပ်ထားတဲ့ ပုဒ်မ(၃၂၃) ဆိုတဲ့ ပုဒ်မကို အရင်ဆုံးရင်ဆိုင်မှာဖြစ်ပြီး နေဒွေးကတော့ သူ့ဘက်က နာကျင်အောင် ဘာမှ မလုပ်ထားသလို ထိခိုက်နစ်နာအောင်လည်း မလုပ်ထားဘူးဆိုတာကို ရင်ဆိုင်ပြီးမှ အမှုနိုင်ရင် သူ့ရဲ့ ဂုဏ်သိက္ခာအတွက် ပြန်လည်ပြီး တရားစွဲဆိုသွားမယ်ဆိုပြီး ပြောပြထားတာပါ..။

နေဒွးဟာ သူ့အနေနဲ့အခုအချိန်ထိ လွတ်လွတ်လပ်လပ်အေးအေးဆေးဆေး နေနိုင်တယ်ဆိုတာ သူ့ဘက်မှာလည်း သက်သေအထောက်အထားအပြည့်အစုံရှိတဲ့အတွက် အေးဆေးနေနိုင်တာဖြစ်ကာ တစ်ဖက်ကပြောသလို လက်တွေချိုးပြီး အပိုင်းပိုင်းပြတ်ခဲ့တယ်ဆိုရင် ပုဒ်မ(၃၂၃)တပ်လို့ မရတော့တဲ့ အမှုအသွားအလာအကြောင်းလေးတွေကိုလည်း ပြောပြထားပါတယ်နော်..။


Photo Credit - Nay Dway's FB Account
Photo Credit - Nay Dway's FB Account

အခုလို အမှုကိစ္စကြောင့် အလုပ်မှာ “အနှောက်အယှက်တော့ မရှိဘူး အဓိကကတော့ ကျွန်တော့အလုပ်ကို ကျွန်တော်အကောင်းဆုံးဖြစ်အောင် လုပ်နေတယ် အမှန်တရားဆိုတာ တစ်နေ့ကျရင် အဖြေပေါ်လာမှာပဲ ဒါကတော့ ကျွန်တော်တို့နိုင်ငံမှာပဲ မဟုတ်ဘူး တခြားနိုင်ငံတွေမှာလည်း ဆယ်လီတွေ မျိုးစုံကြုံတွေ့နေရတာပဲ ဒါကို အကောင်းဆုံးသင်ခန်းစာယူအနေနဲ့ ယူရမှာပေါ့နော်..” ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။

ဒီကနေ့လေးမှာတော့ နေဒွေးပြောပြထားတဲ့ ချစ်သူဟောင်းနဲ့ သူ့ရဲ့အမှုကိစ္စအကြောင်းလေးတွေကို ဖြေဆိုဖြေရှင်းထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Nay Dway's FB Account
Photo Credit - Nay Dway's FB Account

Photo Credit - Nay Dway's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။