ကလေးနှစ်ယောက် အမေလို့ထင်ရက်စရာမရှိလောက်အောင်ကို နုပျိုလှပနေသူကတော့ ပြည်သူချစ် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ပဲ ဖြစ်ပါတယ်။ သူမဟာ ဇာတ်ကားတိုင်းမှာပီပြင်ကျွမ်းကျင်လွန်းတဲ့ သရုပ်ဆောင်မှုတွေကြောင့်ယနေ့ထက်ထိပရိသတ်တွေရဲ့ရင်ထဲမှာအမြဲရှိနေသူ တစ်ယောက်လည်း ဖြစ်ပါတယ် ။ သူမဟာ အနုပညာခရီးလမ်းတွင် အကယ်ဒမီရုပ်ထုပေါင်းများစွာနဲ့ အောင်မြင်မှုများစွာ ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။. ခင်ပွန်းဖြစ်သူ ပြေတီဦးနဲ့လည်း သာယာပျော်ရွှင်သော အိမ်ထောင်ရေးကိုတည်ဆောက်ထားသူပါ။ 

Photo Credit - Eaindra Kyaw Zin's Instagram
Photo Credit - Eaindra Kyaw Zin's Instagram
Photo Credit - Eaindra Kyaw Zin's Instagram

မကြာခင်မှာလည်း အကယ်ဒမီထူးချွန်ဆုပေးပွဲကြီး ကျင်းပတော့မှာပဲဖြစ်ပြီး ပရိသတ်တွေကလည်း သူမကို အကယ်ဒမီခန့်မှန်းချက်တွေ ပေးနေကြပြီပဲ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ဟာလည်း အူဝဲရဲ့ နှစ်လို့ပြောရအောင်ကိုပဲ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေများစွာ ရုံတင်ခဲ့တာလည်း ဖြစ်ပါတယ်။ အူဝဲဟာ မကြာခင်ကလည်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ သရုပ်ဆောင်များစွာနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား သွားရောက် ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။  

Photo Credit - Eaindra Kyaw Zin's Instagram
Photo Credit - Eaindra Kyaw Zin's Instagram
Photo Credit - Eaindra Kyaw Zin's Instagram

အခုမှာလည်း သူမရဲ့ Instagram လူမှုကွန်ယက်တွင် ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဘာလီမြို့က လမ်းမထက်မှာ စီးကရက်ကိုဖွာကာ အထာကျကျ လမ်းလျှောက် ထွက်လာတဲ့ အူဝဲရဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit - Eaindra Kyaw Zin's Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။