ပရိသတ်တွေရဲ့ရင်ထဲမှာ ယနေ့အချိန်အထိ စွဲစွဲမြဲမြဲနဲ့ နေရာယူထားတဲ့ အနုပညာရှင်ကတော့ အားလုံးရဲ့အချစ်တော် မင်းသမီးချော အိန္ဒြာကျော်ဇင်ပဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ဟာဆိုရင် နှစ်ပေါင်းများစွာကြာအောင် အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း မင်းသားပြေတီဦးနဲ့ထိမ်းမြားလက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အိန္ဒြာကျော်ဇင်က ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေသလို အကယ်ဒမီဆုအတွက်လည်း မကြာခဏ ထင်ကြေးပေးခြင်းခံနေရတာ ဖြစ်ပါတယ်။

Photo Credit-Eaindra Kyaw Zin's FB Page
Photo Credit-Eaindra Kyaw Zin's FB Page
Photo Credit-LI JOHN PHOTOGRAPHY

ကလေးနှစ်ယောက်အမေလို့တောင် မထင်မှတ်ရလောက်တဲ့ အိန္ဒြာကျော်ဇင်က နှစ်တွေဘယ်လောက်ကြာကြာ မပြောင်းမလဲဘဲ နုပျိုလှပနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒြာကျော်ဇင်က အမြဲတမ်းလိုလို လုံခြုံမှုရှိပြီး ခေတ်မှီဆန်းသစ်တဲ့ဖက်ရှင်တွေကို ဝတ်ဆင်လေ့ရှိတာကြောင့် ပရိသတ်တွေက ကြွေနေရတာဖြစ်ပါတယ်။ အခုလည်း အိန္ဒြာကျော်ဇင်က စတိုင်အပြည့်နဲ့ အမိုက်စားဖြစ်နေတဲ့ လူငယ်ဆန်ဆန် ပုံရိပ်လေးတွေကို မျှဝေလိုက်ပါတယ်။

Photo Credit-Eaindra Kyaw Zin's FB Page
Photo Credit-Eaindra Kyaw Zin's FB Page
Photo Credit-Eaindra Kyaw Zin's FB Page

အိန္ဒြာကျော်ဇင်က " ဒိုးရပြန်ဦးမယ် နောက်ထပ်ခရီးတစ်ခု "ဆိုပြီး လေယာဉ်ပေါ်တက်ခါနီး ဓာတ်ဖမ်းထားတဲ့ပုံလေးကို တင်ထားတာ ဖြစ်ပါတယ်။ မျက်မှန်တစ်လက်နဲ့ စတိုင်ကျကျလှပနေတဲ့ အိန္ဒြာကျော်ဇင်ကတော့ အားလုံးငေးရလောက်အောင် အရွယ်တင်နုပျိုချောမောနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ရဲ့အလှပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Eaindra Kyaw Zin's FB Page

Photo Credit-Eaindra Kyaw Zin's FB Page
Photo Credit-Eaindra Kyaw Zin's FB Page
Photo Credit-Eaindra Kyaw Zin's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။