မင်းသမီးချောလေး ဖြူဖြူထွေးကတော့ နာမည်လေးနဲ့လိုက်အောင် ရိုးသားဖြူစင်တဲ့ အပြုံးအလှပိုင်ရှင်လေးဖြစ်ပြီး စိတ်သဘောထားလေးကလည်း တကယ့်ကိုကောင်းမွန်သူလေး ဖြစ်ပါတယ်။ ဟာသဗီဒီယိုလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ ဖြူဖြူထွေးက အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဖြူဖြူထွေးက အချိန်ခဏလေးအတွင်းမှာတင် အရမ်းကိုထင်ရှားအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc

ဖြူဖြူထွေးက ပွဲအခမ်းအနားတွေလည်း တက်ရောက်နေရသလို ကြော်ငြာနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ဖြူဖြူထွေးက အမြဲတမ်းလိုလို လန်းဆန်းတက်ကြွတဲ့အသွင်နဲ့ ပြုံးပျော်နေတာလေးကိုက ပရိသတ်တွေကို အချစ်ပိုစေနိုင်တာ ဖြစ်ပါတယ်။ အကနဲ့ပတ်သက်ပြီး ဝါသနာပါတဲ့ ဖြူဖြူထွေးက အခုလည်း ကုလားသီချင်းလေးတစ်ပုဒ်နဲ့ အမိုက်စားကပြလိုက်တာ ဖြစ်ပါတယ်။

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc

ဖြူဖြူထွေးက ရိုက်ကူးရေးပြုလုပ်နေရင်းနဲ့ အားလပ်ချိန်လေးမှာ Tik Tok ဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ သီချင်းတီးလုံးလေးအတိုင်း တင်ပါးလေးကိုစည်းချက်ကျကျလှုပ်ခါပြီး အပီအပြင်ကပြထားတဲ့ ဖြူဖြူထွေးကတော့ အရမ်းချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့ မြူးမြူးကြွကြွ အကဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Phyu Phyu Htwe's Tik Tok Acc 

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။