ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်ဆယ်လီတွေရဲ့ ရင်သွေးလေးတွေထဲမှာ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ ချစ်စရာအမွှာသမီးချောလေးတွေဖြစ်ကြတဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ ညီအစ်မတွေကတော့ ထိပ်တန်းကပဲ ဖြစ်ပါတယ်..။

ချစ်စရာကောင်းလွန်းပြီး အရွယ်လေးနဲ့မမျှအောင် လည်လွန်းတတ်လွန်းတာတွေကြောင့်လည်း ပရိသတ်တွေအမြဲအချစ်ပိုနေကြရတဲ့ ခေတ်နဲ့သစ်လေးတို့ကတော့ မရိုးနိုင်အောင် ပရိသတ်တွေရဲ့ အသည်းတွေကို နေ့စဉ်ခြွေယူထားနိုင်သူလေးတွေဆိုလည်း မမှားပါဘူးနော်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ပရိသတ်တွေရဲ့မျက်စိရှေ့တင် တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ ခေတ်သစ်ညီအစ်မတို့ကတော့ အမြဲချစ်စရာကောင်းသလို ပြီးခဲ့တဲ့ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ တစ်နှစ်ပြည့်အခမ်းအနားလေးကိုလည်း တက်ရောက်ပြီး ပရိသတ်တွေကို အသည်ယား အချစ်ပိုစေပြန်ပါတယ်နော်..။

မြန်မာဝတ်စုံဆင်တူဖက်ရှင်လေးနဲ့ ချစ်စရာကောင်းစွာ ခေတ်သစ်ဖောင်ဒေးရှင်းအခမ်းအနားပွဲလေးကို တက်ရင်း နှုတ်ခမ်းကိုကိုက်ကာ အားပါးတရမုန့်တွေဖဲ့စားနေတဲ့ အသည်းယားစရာပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို မချစ်ပဲမနေနိုင်အောင် သဘောကျစေကြမှာပါနော်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ဖေဖေမေမေတို့နဲ့ မိသားစုလိုက် ဆင်တူအင်္ကျီလေးတွေ ဝတ်ကာ ချစ်စရာကောင်းနေကြသလို ပွဲတက်ပရိပ်သတ်တွေတိုင်းရဲ့ အာရုံစူးစိုက်ချစ်ခင်မှုတွေကို အပြည့်အ၀ ရရှိထားကြသူလေးတွေကလည်း အားလုံးရဲ့အချစ်တော် ခေတ်နဲ့ သစ်လေးတို့ပဲ ဖြစ်ပါတယ်နော်..။

ကဲ.. ဒီကနေ့လေးမှာတော့ နှုတ်ခမ်းကိုကိုက်ပာ အံကိုကြိတ်ပြီး အားပါးတရမုန့်တွေဖဲ့စားနေတဲ့ ခေတ်နဲ့ သစ်လေးတို့ရဲ့ ချစ်စရာ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း မျှဝေတင်ဆက်ပေးလိုက်တာမို့ အသည်းလေးတွေ ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်..။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။