ပရိသတ်တွေရဲ့အချစ်တော် ဆယ်လီမိသားစုလေးတွေဖြစ်ကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုလေးကတော့ ပရိသတ်တွေအပြင် အနုပညာရှင်အချင်းချင်းကပါ အားကျချစ်ခင်ကြရတဲ့ ကြည်နူးစရာမိသားစုလေးပဲ ဖြစ်ပါတယ်..။

အေးအေးချမ်းချမ်းလေး ပျော်ပျော်ရွှင်ရွှင်နဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေကြတဲ့ သူတို့စုံတွဲလေးကတော့ အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိပြီး သမီးလေးတွေနာမည်နဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး ကလေးငယ်လေးတွေအတွက် ဆေးကုသမှုလေးတွေ အခမဲ့ပြုလုပ်ပေးနေတာလည်း ဖြစ်ပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload

ခေတ်သစ်ဖောင်ဒေးရှင်း တစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားပွဲလေးကိုလည်း ဖေဖော်ဝါရီလ(၁၇)ရက်နေ့က ရန်ကုန်၊ Lotte Hotel မှာ မိသားစု စုံစုံညီညီနဲ့ ပျော်ပျော်ရွှင်ရွှင် ကျင်းပပြုလုပ်ခဲ့ပါတယ်..။

အခမ်းအနားပွဲလေးမှာလည်း တစ်နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အနေနဲ့ ခေတ်သစ်ဖောင်ဒေးရှင်းမှ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်မှာ မူလတန်းကျောင်း ဆောက်လုပ်ဖို့အတွက် အလှူငွေတွေလည်း လှူဒါန်းခဲ့ပါသေးတယ်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

မိသားစုလေးယောက်စလုံး မြန်မာဝတ်စုံဆင်တူလေးတွေနဲ့ လိုက်ဖက်ညီကြသလို ချစ်စရာကောင်းလွန်းတဲ့ မိသားစုပုံရိပ်လေးတွေကလည်း ပွဲလာပရိသတ်တွေတိုင်းကို အားကျကြည်နူးကာ အပျော်လေးတွေ ကူးစက်စေတာလည်း ပရိသတ်တွေ တွေ့မြင်ရမှာပါနော်..။

ကြည်နူးပျော်ရွှင်စရာကောင်းလွန်းစွာ နှစ်ပတ်လည်အခမ်းအနားပွဲလေး ပြုလုပ်ခဲ့တဲ့ သူတို့မိသားစုလေးရဲ့ အမှတ်တရ ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။