ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသားချော နေတိုးကတော့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်သလို ကျရာဇာတ်ရုပ်တွေကို အကျွမ်းကျင်ဆုံးနဲ့ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲနေရာယူထားသူပဲ ဖြစ်ပါတယ်နော်။လက်ရှိမှာလည်း နေတိုးက ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရပါတယ်။

Photo Credit : Nay Toe facebook Account
Photo Credit : Nay Toe facebook Account

နေတိုးကတော့ အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်မှုတွေအခိုင်အမာရရှိထားပြီး မိန်းကလေးပရိသတ်တွေအပြင် ယောင်္ကျားလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုပါ အခိုင်အမာရရှိထားတဲ့ ပြည်သူချစ်မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။ အနုပညာမှာဘက်စုံတော်ရုံသာမကပဲ ပရိသတ်တွေအပေါ်ရင်းနှီးဖော်ရွေတတ်ပြီး တည်ကြည်ခန့်ညား ယောင်္ကျားပီသမှုတွေကြောင့်လည်း ပရိသတ်တွေအားလုံးက ချစ်ခင်အားပေးနေတာဆိုလည်း မမှားပါဘူးနော်။

Photo Credit : Nay Toe facebook Account
Photo Credit : Nay Toe facebook Account

လတ်တလောမှာတော့ သူ့ကိုလွမ်းနေတဲ့ ပရိသတ်ကြီးတွက် ရိုက်ကွင်းကပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းက တကယ်ကိုသန့်ပြန့် ခန့်ညားပြီး နေတိုးတစ်ယောက် ချစ်ဖို့ကောင်းနေတာလည်းဖြစ်တာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။နေတိုးလည်းဒီထက်မက အောင်မြင်မှုတွေရရှိပါစေ ဆုတောင်းပေးလို်က်ပါတယ်။

Photo Credit : Nay Toe facebook Account
Photo Credit : Nay Toe facebook Account

Source & Photo Credit : Nay Toe facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။