ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ ယောကျ်ားလေး မိန်းကလေး ကလေးလူကြီးမရွေး အားလုံးက အချစ်ပိုကာ အားပေးဝန်းရံနေကြရတဲ့ ထိပ်တန်းမင်းသမီးချော ပြည်သူ့အသည်းကျော်လေးပဲ ဖြစ်ပါတယ်..။

အောင်မြင်ကျော်ကြားတဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တစ်ဦးအဖြစ် လျှောက်လှမ်းနေသလို ဆွဲဆောင်မှုရှိပြီး ကျော့ရှင်းပြီး ညို့အားပြင်းတဲ့အလှတွေနဲ့ ဖမ်းစားတတ်သလို အေးချမ်းတဲ့ အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ ရွှေကစ်လေးကတော့ ပီပြင်သရုပ်ဆောင်မှုတွေကြောင့်လည်း တော်တော်များများက ချီးကျူးနေကြသူလေးလည်း ဖြစ်ပါတယ်..။


Photo Credit - Li John Photography
Photo Credit - Li John Photography

ဇာတ်ကားတွေဆက်တိုက်ရိုက်ကာ အခမ်းအနားပွဲတွေ တော်တော်များများလည်း တက်ရောက်ဖြစ်နေတဲ့ အသည်းကျော်ရွှေကစ်လေးကတော့ မင်းသားချောလေး ပိုင်တံခွန်နဲ့အတူ “အိပ်မက်မြစ်” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရိုက်ကူးခဲ့ပြီး အမှတ်တရလေးတွေအကြောင်း ပြောပြလာပါတယ်..။

ဇာတ်ကားအတူရိုက်ရင်း ပိုင်တံခွန်ကို ပြောပြဖြစ်တာလေးတွေ အကြံပေးဖြစ်တာလေးတွေရှိပြီး “အိပ်မက်မြစ်” ဇာတ်ကားမှာ သူမရဲ့ကာရိုက်တာလေးက နည်းနည်းထူးခြားသလို ဇာတ်လမ်းလည်း ထူးခြားတယ်ဆိုပြီး ပြောပြထားတာပါ..။


Photo Credit - Htet Paing Ye Photography
Photo Credit - Htet Paing Ye Photography

အသစ်တစ်ယောက်အနေနဲ့ သူမနဲ့လက်ဖော်ကိုင်ဖက်တွေ အကုန်လုံးကို အားနာနေတဲ့ ပိုင်တံအကြောင်းလေးတွေနဲ့ ကလောမှာသွားရိုက်တဲ့နေ့ကစပြီး ပြန်လာတဲ့အချိန်ထိ တောက်လျှောက်ဖျားခဲ့တဲ့ သူမရဲ့အမှတ်တရလေးတွေကိုလည်း ပြောပြထားပါသေးတယ်..။

ကဲ.. ပရိသတ်ကြီးရေ.. ဒီကနေ့လေးမှာတော့ ပိုင်တံခွန်နဲ့အတူ ပထမဆုံး ရိုက်ရှင်အတူ တွဲရိုက်ခဲ့တဲ့ ရိုက်ကွင်းပေါ်က အမှတ်တရလေးတွေကို ပြောပြထားတဲ့ ရွှေကစ်လေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Htet Paing Ye Photography
Photo Credit - Li John Photography

Photo Credit - Li John Photography & Htet Paing Ye Photography


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။