အတုအယောင်တွေပေါများလာတဲ့ခေတ်မှာ ပျော်ရွှင်မှု အစစ်အမှန်ဆိုတာလည်း ပျောက်ဆုံးလာပါတယ်။ နည်းပညာတွေ တစ်ဟုန်ထိုး တိုးတက်လာတဲ့ ၂၁ ရာစု ယနေ့ခေတ်ဟာ အိုင်တီခေတ်လို့ ပြောလို့ရသလို ဆိုရှယ်မီဒီယာခေတ်လို့လည်း ပြောလို့ရပါတယ်။ အဲ့ဒီမှာ နောက်ဆက်တွဲ အကျိုးဆက်တွေဖြစ်တဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေက ဒွန်တွဲပြီး ပါလာပါတယ်။ လူငယ်တော်တော်များက face book၊ Instagram ဆိုတဲ့ ကွန်ယက်တွေအောက်မှာပဲ သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေကို ကုန်လို့ ကုန်သွားမှန်းတောင် မသိလိုက်ဘဲ နစ်မျောစီးဆင်းနေကြတာ ဖြစ်ပါတယ်။

photo credit pngtree

အကျိုးရှိအောင် အသုံးပြုမယ်ဆိုရင် ကုန်ဆုံးသွားတဲ့ အချိန်တွေက တန်ဖိုးရှိပေမယ့် ဒီအတိုင်း စိတ်ပျော်ရွှင်မှုသပ်သပ်ချည်းပဲဆိုရင်တော့ အတိုင်းအတာ သတ်မှတ်ဖို့ လိုအပ်လာပါပြီ။ အချိန်နဲ့၊ bill တွေသာ ကုန်ဆုံးသွားပေမယ့် လူမှုကွန်ယက် social media platform တွေမှာ တက်နေတဲ့ သတင်းတွေ၊ ပုံတွေ၊ ဗီဒီယိုတွေ၊ မိမိရဲ့ လိုချင်တပ်မက်စိတ်၊ အားကျလိုစိတ်ကိုဖြစ်ပေါ်စေတဲ့ အရာတွေကတော့ ကုန်ဆုံးသွားမှာ မဟုတ်ပါဘူး။ အဲ့ဒီအရာတွေနောက်ပဲ လိုက်ပြီး စိတ်ပျော်ရွှင်မှုဆန္ဒကို ဖြည့်ဆည်းနေမယ်ဆိုရင်တော့ နောက်ပိုင်းမှာ ဝမ်းနည်းစရာ ကိစ္စတွေ ဖြစ်လာနိုင်ပါတယ်။

photo credit pngtree

မိမိရဲ့ စိတ်ပျော်ရွှင်မှုကို ဖုန်းလေးဖွင့်၊ လက်လည်းတစ်ချက်ပွတ်လိုက်ရုံနဲ့ ရနိုင်တာမဟုတ်ပါဘူး။ စစ်မှန်သော ပျော်ရွှင်မှုကို ရဖို့ဆိုတာအဲ့လောက်လည်း လွယ်ကူရိုးရှင်းမနေပါဘူးနော်။ လူငယ်တစ်ယောက်ပီပီ တစ်နေရာတည်းမှာထိုင်ပြီး ထိုင်းမှိုင်းနေတာမျိုးမဟုတ်ဘဲ active ဖြစ်အောင် မိမိ ပတ်ဝန်းကျင်ကို အမြဲလေ့လာနေတာမျိုးတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ တိုးပွားအောင် အသင်းအဖွဲ့စည်းတွေမှာ ပါဝင်တာမျိုး၊ လုပ်အားလိုအပ်နေတဲ့ နေရာတွေမှာ volunteer တစ်ယောက်အနေနဲ့ ကူညီဆောင်ရွက်ပေးတာမျိုးတွေကို လုပ်ဆောင်ပေးခြင်းအားဖြင့် သင့်ရဲ့ ကိုယ်ခန္ဓာရော စိတ်ဝိညာဉ်ပါ ရွှင်လန်းတက်ကြွလာမှာ ဖြစ်ပါတယ်။ အဲ့ဒီအခါမှာ စစ်မှန်သော စိတ်ပျော်ရွှင်မှုရဖို့ဆိုတာ ဘယ်အရာက အဓိကကျလည်းဆိုတာ သိရှိလာမှာပါ...။ 

photo credit pngtree

သတင်းအရင်းမြစ် Mg Thit Sar

မည်သည့်တစ်စုံတစ်ဦးကိုမျှ ထိခိုက်စေလိုခြင်းမရှိဘဲ အများအကျိုးစီးပွားရေးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။