ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက် (ယူ-၂၁) အသင်းနှင့် ဟံသာဝတီယူနိုက်တက် (ယူ-၂၁) အသင်းတို့၏ ပွဲစဉ်တွင် နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက် (ယူ-၂၁)အသင်းတွင် ခန့်ကျော်ဦး (ဂိုး)၊ ရန်ပိုင်ဖြိုး၊ ငြိမ်းချမ်းအောင်၊ စိုင်းဆန္ဒအောင်၊ ရဲဌေး၊ စောကျော်အဲ၊ အောင်ကိုဦး၊ ဇင်ကိုထက်၊ တေဇော်လင်း၊ အောင်အောင်ဦး နှင့် မင်းဟိန်းထက်တို့ ပါဝင်ကစားခဲ့ကြပါတယ်။
ပွဲစသည်နှင့် ရန်ကုန်အသင်း ဂိုးရရှိရန်ကြိုးစားခဲ့ပြီး စိုင်းဆန္ဒအောင် နှင့် အောင်အောင်ဦး တို့၏ ကန်သွင်းချက်များ ရှိခဲ့သော်လည်း လွဲချော်ခဲ့ပါတယ်။ ပွဲချိန် ၃၁မိနစ်တွင် စိုင်းဆန္ဒအောင်အစား မြတ်မင်းခိုင်ကို လူစားလဲကစားစေပြီး တိုက်စစ်မြင့်တင်ခဲ့သော်လည်း ပထမပိုင်းပြီးဆုံးချိန်ထိ နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေ။ ဒုတိယပိုင်း ၅၇ မိနစ်တွင် ထောင့်ကန်ဘောမှ စောကျော်အဲ ခေါင်းတိုက်သော်လည်း ဘားတန်းထိထွက်ခဲ့ပါ်တယ်။
ပွဲချိန် ၆၉ မိနစ်တွင် မင်းဟိန်းထက်အစား မင်းခန့်မောင်၊ ၇၇မိနစ်တွင် အောင်အောင်ဦးအစား ရဲသွေး တို့ဝင်ရောက်ကစားခဲ့ကြပြီး ဂိုးရရှိရန်ကြိုးစားခဲ့ပြီး ပွဲချိန် ၇၇မိနစ်တွင် ထောင့်ကန်ဘောမှ အောင်ကိုဦးခေါင်းတိုက် သော်လည်း ဘားတန်းထိထွက်ခဲ့ပါတယ်။ ကျန်ပွဲကစားချိန်များတွင် နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ပွဲပြီးဆုံးချိန်တွင် ဂိုးမရှိ သရေရလဒ်သာထွက်ပေါ်ခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက် (ယူ-၂၁)အသင်းသည် ၅ ပွဲကစား၊ ၂ပွဲနိုင် ၊ ၃ပွဲသရေ ၊ ရမှတ် ၉မှတ် ရရှိထားပြီး လာမည့် ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် ဇွဲကပင်ယူနိုက်တက် (ယူ-၂၁)အသင်းနှင့် တောင်ဒဂုံကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။
Photo Credit - Yangon United FC Facebook Page
Source - Yangon United FC Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။