ပရိသတ်ကြီးရေ.. အားလုံးကချစ်ခင်အားပေးနေကြတဲ့ သရုပ်ဆောင်မင်းသမီးချောလေး နေခြည်ဦးကတော့ အမြဲတက်ကြွလန်းဆန်းနေတဲ့ ချစ်စရာပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို သဘောကျအချစ်ပိုစေသူလေးပဲ ဖြစ်ပါတယ်..။

စကားပြောပွင့်လင်းပြီး ချစ်စရာကောင်းတဲ့အပြင် သရုပ်ဆောင်ကောင်းမှုတွေကြောင့်လည်း မိန်းကလေးပရိသတ် ယောကျ်ားလေးပရိသတ်မရွေး အားလုံးက သည်းသည်းလှုပ်ချစ်ခင်ကြသူလေးလည်း ဖြစ်ပါတယ်..။

Photo Credit - Nay Chi Oo's FB Account
Photo Credit - Nay Chi Oo's FB Account
Photo Credit - Nay Chi Oo's FB Account

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်လာသလို အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိတဲ့ ချီချီလေးကတော့ အခမ်းအနားပွဲတွေလည်း တက်ရောက်ဖြစ်နေကာ ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ အခမ်းအနားပွဲလေးကိုလည်း တက်ရောက်ခဲ့ပါတယ်..။

ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ အခမ်းအနားလေးတက်ရောက်ရင်း ချစ်စရာကောင်းလွန်းကြတဲ့ ခေတ်နဲ့သစ်လေးတို့ကို ကြည့်ပြီး ချီချီလေးတစ်ယောက် တကယ်ကို ကြည်နူးပျော်ရွှင်ခဲ့ပါတယ်နော်..။

Photo Credit - Nay Chi Oo's FB Account
Photo Credit - Nay Chi Oo's FB Account
Photo Credit - Nay Chi Oo's FB Account
Photo Credit - Nay Chi Oo's FB Account

အခမ်းအနားပွဲတက်ရင် ခေတ်သစ်ညီအစ်မတွေနဲ့ ပျော်ခဲ့ရတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ချီချီလေးက ပရိသတ်တွေကို မျှဝေထားရင်း ဆုတောင်းစကားလေးလည်း ဆိုထားပါသေးတယ်နော်..။

"ခေတ်သစ် ဖောင်ဒေးရှင်း မှာ

နေခြည် chillies တွေအတွက် သိန်း (၅၀)

လှူဒါန်းထားတာလေးတောင် တစ်နှစ်ပြည့်ပြီနော်။

ဒီဖောင်ဒေးရှင်းကြီး နှစ်တွေ ရာထောင်ချီ

ဆက်လက်တည်မြဲပြီး အခုလို ပရဟိလုပ်ငန်းတွေ

အများကြီး ဆက်လက်လုပ်ကိုင်နိုင်ပါစေ ခေတ်နဲ့သစ် လေးရယ်.." ဆိုပြီး အမှတ်တရလေးတွေကို ဝေမျှထားတာပါ..။

Photo Credit - Nay Chi Oo's FB Account
Photo Credit - Nay Chi Oo's FB Account
Photo Credit - Nay Chi Oo's FB Account

Source & Photo Credit - Nay Chi Oo's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။