ကမ္ဘာတစ်ဝှမ်းမှာပေါက်ရောက်နေကြတဲ့ ထူးခြားဆန်းပြား သစ်ပင်တွေထဲကမှ တစ်ခုဖြစ်တဲ့ "Crooked Trees" သစ်ပင်ကွေး အကြောင်းကို ၊ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှုသတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (e- sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့ တပြေးညီတင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ သတိမမေ့ပါနဲ့ဦးနော်။

photo credit pngtree

ပိုလန် နိုင်ငံ အနောက်ပိုင်း၊ ဂရီဖီနို ဒေသ အနီးတွင် ပင်စည်များကွေးနေသော အပင် ၄၀၀ ခန့်ကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ထိုအပင်များ ကွေးနေရခြင်းအကြောင်းကို ဘယ်သူမှ အတိအကျ မသိရှိကြသော်လည်း အများစုကတော့ ထိုအပင်များအား စက်ကိရိယာ တစ်ခုခုဖြင့် ကွေးနေအောင် ပြုလုပ်ထားခဲ့တာဖြစ်တယ်လို့ ယူဆကြပါတယ်။ အချို့ကလည်း ပရိဘောဂများ၊ သင်္ဘော အောက်ပိုင်း တံကူများ၊ လှည်း တံပိုးများ ပြုလုပ်ရန် ရည်ရွယ်ခဲ့တာ ဖြစ်ကြောင်းကိုလည်း သုံးသပ်ပြောဆိုကြပါတယ်။

photo credit pngtree

တစ်စုံတစ်ယောက်က ထိုအပင်များ စိုက်ပျိုးနေခဲ့ရင်း ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားလာတဲ့အခါမှာတော့ သူ့ရဲ့ သစ်ကွေးပင်များ လုပ်ဆောင်နေမှုဟာ ရပ်တံ့သွားခဲ့တာ၊ အဆုံးသပ်သွားခဲ့တာလို့လည်း ထင်မြင်ယူဆချက်များလည်း ရှိပါတယ်။ ယခုအခါမှာတော့ ထိုသစ်ပင်ကွေးများဟာ ထူးဆန်း အံ့သြဖွယ် အရာတစ်ခုအဖြစ် တည်ရှိနေပြီး ကမ္ဘာအနှံ့က လူတွေရဲ့ စိတ်ဝင်စားမှုကို များစွာရရှိထားတာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။