ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Time travel" အချိန်ခရီးသွားတာနဲ့ပတ်သက်ပြီး ဗဟုသုတ ဖြစ်ဖွယ်မှတ်သားစရာ အကြောင်းလေးကို စိတ်ဝင်စားဖွယ် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အချိန် ခရီးသွားတယ်ဆိုတာဟာ ရွေ့လျားမှုနှင့် သက်ဆိုင်ပါတယ်။ အချိန်တစ်ခုအတွင်း နေရာတစ်ခုမှ အခြားနေရာတစ်ခုကို သွားတဲ့ခရီးပဲ ဖြစ်ပါတယ်။ ဒီလို သွားတဲ့ နေရာမှာ Time machine ( အချိန် ယန္တရား ) သို့မဟုတ် Connection Portal ( လမ်းကြောင်းတစ်မျိုး) လိုအပ်ပါတယ်။ ထိုလမ်းကြောင်းတွေကို သိပ္ပံပညာရှင် အိုင်းစတိုင်းတို့ လက်ထက်က Wormhole ဆိုပြီး ခေါ်ဆိုကြတာ ဖြစ်ပါတယ်။

photo credit Once A Glance Page

ထို Wormhole ဆိုတဲ့ လမ်းကြောင်းကနေ စင်္ကြာဝဠာထဲက နေရာတစ်ခုမှ အခြားနေရာ တစ်ခုခု ကို ပုံမှန် မသွားတာမျိုး မဟုတ်ဘဲ လျှပ်တပြက် အတွင်းမှာ ရောက်ရှိသွားနိုင်တဲ့ လမ်းကြောင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါပေမဲ့ Wormhole ပြုလုပ်ခဲ့လို့ရရင်တောင် အာကာသထဲမှာရှိတဲ့ ဒြပ်ထုတွေနဲ့ တိုက်ခြင်း အာကာသထဲက ရောင်ခြည်ဒဏ်သင့်တာတို့ကြောင့် wormhole ဟာ ပျက်စီး သွားနိုင်ကြောင်း အိုင်းစတိုင်းတို့က သိရှိခဲ့ပြီးပြီ ဖြစ်ပါတယ်။

photo credit pngtree

ဒါပေမဲ့ Wormhole ပြုလုပ်ဖို့ကို ကျွန်ုပ်တို့ လူသား ဦးနှောက်တွေနဲ့ လိုက်မမှီသေးဘူးလို့ ပြောရမှာပါ။ မှန်ကန်ချက် တစ်ခုအနေနဲ့သာ စဉ်းစားလို့ရရှိသေးတာ ဖြစ်ပါတယ်။ ဒါဆို အာကာသထဲမှာ နေရာ တစ်ခုမှ အခြား နေရာတစ်ခုကို လျှပ်တစ်ပြက် ရောက်ရှိနိုင်ဖို့ ဘယ်လိုနည်းနဲ့ သွားမှာလဲဆိုတဲ့ မေးခွန်းတွေ မေးစရာ ဖြစ်လာပါတယ်။ အလင်းရဲ့ အလျင်နဲ့ သွားလို့ ရနိုင်တာပဲ ဖြစ်ပါတယ်။ အလင်းရဲ့ အလျင်ဟာ တစ်စက္ကန့်ကို 299792458 မီတာ သွားရောက်နိုင်တာ ဖြစ်ပါတယ်။

source Once A Glance Page

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။