ပရိသတ်ကြီးတို့ရဲ့ အချစ်တော် မော်ဒယ်မင်းသမီးချောလေး ပတ်ထရစ်ရှာကတော့ နိုင်ငံခြားသူလေးတစ်ယောက်လို ဆွဲဆောင်မှုရှိကာ ချစ်စရာကောင်းသူလေးမို့ အားလုံးက အချစ်ပိုနေကြရသူလေးပါပဲနော်..။

မိန်းကလေးပရိသတ်တွေအပြင် ယောကျ်ားလေးပရိသတ်တွေကပါ ချစ်ခင်အားပေးကြတဲ့ ပတ်ထရစ်ရှာလေးကတော့ အိမ်ထောင်မပြုသေးပေမယ့် ချစ်သူရှိတဲ့အကြောင်းလေးကို ပရိသတ်တွေကို အသိပေးပြောပြထားသူလေးပဲ ဖြစ်ပါတယ်နော်..။

Photo Credit - HE&SHE
Photo Credit - Patricia (Sue Sha Naing) FB Page

အချစ်တော် ရှာရှာလေးကတော့ သူမရဲ့နိုင်ငံခြားသား ချစ်သူက လက်ထပ်ယူချင်နေပေမယ့် သူမကတော့ ငယ်သေးတယ်လို့ ထင်ပြီး အလုပ်တွေလည်း ကြိုးစားချင်သေးတာကြောင့် မယူချင်သေးတဲ့အကြောင်းလေးတွေ ပြောပြလာပါတယ်..။

"သူကတော့ လက်ထပ်ချင်နေတာဆိုပေမယ့် ရှာကတော့ ကိုယ့်ဘာသာကိုယ် ကြိုးစားချင်သေးတယ် ငယ်လည်း ငယ်သေးတယ်လေ အိမ်ထောင်မပြုချင်သေးဘူး သူကတော့ လက်လွတ်သွားမှာစိုးလို့ ထင်ပါတယ် အိမ်ထောင်ပြုချင်တယ် ကလေးတွေလိုချင်တယ် ဒါပေမယ့် စောသေးတယ်လို့ထင်တယ်.." ဆိုပြီး လက်မထပ်ချင်သေးတဲ့အကြောင်းလေးကို ပြောပြထားတာပါ..။

Photo Credit - Patricia (Sue Sha Naing) FB Page
Photo Credit - Patricia (Sue Sha Naing) FB Page

ချစ်သူကတော့ နှစ်လတစ်ခါလောက် မြန်မာပြည်ကို အမြဲပြန်လာသလို သူမကိုလည်း Surprise အမြဲလုပ်ပေးတဲ့အကြောင်းလေးနဲ့ ချစ်သူရဲ့ Surprise လေးတွေကြောက့်လည်း အရမ်းကြည်နူးပျော်ရွှင်ရတဲ့အကြောင်းလေးတွေကိုလည်း ပြောပြထားပါသေးတယ်..။

ရှာရှာလေးဟာ သူမရဲ့ချစ်သူက သူမအပေါ်မှာ အရမ်းကြိုးစားပေးပြီး စိတ်ကြီးပြီးဒေါသကြီးတဲ့လူဖြစ်ပေမယ့် နှစ်ယောက်သားတွေ့လိုက်တယ်ဆိုရင်ပဲ အခြားလူတစ်ယောက်လို ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲယူကာ စိတ်လျှော့ပေးတဲ့ ချစ်သူရဲ့အကြောင်းလေးတွေကိုလည်း ပြောပြထားတဲ့ ရှာရှာလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Patricia (Sue Sha Naing) FB Page

Photo Credit - Patricia (Sue Sha Naing) FB Page & HE&SHE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။