လူ့ဘဝဆိုတာ နိမ့်လိုက်၊ မြင့်လိုက်နဲ့ နောက်ဆုံးထွက်သတ်ထိ ဖြတ်သန်းသွားကြရမှာပါ။ အဲ့လို အစဉ်အမြဲ ဖြတ်သန်းသွားနေကြတဲ့အခါမှာ အောင်မြင်မှုကို အချိန်ကြာမြင့်စွာ သိမ်းပိုက်ထားချင်ကြပြီး၊ ရှုံးနိမ့်မှုကိုတော့ တိုတောင်းသော အချိန်ကာလမျှသာ ရင်ဆိုင်ချင်ကြတာဟာ လူတွေရဲ့ ဓမ္မတာတစ်ရပ်လို့ ဆိုရမှာပါ။ ဘဝကို အမြဲ တိုးတက်အောင်မြင်ချင်တယ်ဆိုရင်တော့ ဘယ်အရာတွေက မိမိရဲ့ တက်လမ်းကို ပံ့ပိုးကူညီနေတယ်၊ ဘယ်အရာတွေကတော့ နှောင့်ယှက်ဖျက်စီးနေလည်းဆိုတာကို သေသေချာချာ သိထားဖို့ လိုအပ်ပါတယ်။

photo credit pngtree

ဘဝ တိုးတက်ရေး အောင်မြင်မှုကိစ္စတွေမှာ ရုပ်ဝတ္ထုပိုင်းဆိုင်းရာထက် စိတ်ပိုင်းဆိုင်ရာက ပိုပြီး အရေးပါအရာရောက်တယ်လို့ ပြောပါရစေ။ ရုပ်ဝထ္ထုပိုင်းဆိုင်ရာတွေက လုံးလုံးကြီး မသက်ဆိုင်တာတော့ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာက ပိုမို ပါဝင်ပတ်သက်နေတယ်လို့ ပြောချင်တာပါ။ ဒီကမ္ဘာရှိတဲ့ ဘယ်အရာကိုမဆို စိတ်ဝင်စားမှုမရှိတော့တာမျိုး၊ ဒါမှမဟုတ် သင့်ကိုယ်သင် ဂရုမစိုက်ချင်တော့တာ၊ သင့်အိမ်နဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ မသိချင်တော့တာ ဆိုရင် မိမိကိုယ်ကို ပြန်သုံးသပ်ဖို့ လိုအပ်လာပါပြီ။ အဲ့လို တက်ကြွမှုမရှိဘဲ အရှုံးသမာတစ်ယောက်လို ဖြစ်နေမယ်ဆိုရင် ဘဝရဲ့ အောင်မြင်ရေးကိစ္စတွေကိုပါ ထိခိုက် လာနိုင်ပါတယ်။

photo credit pngtree

တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ထိုအရာတွေက ဘဝရဲ့ တိုးတက်မှုတွေ တစ်ဖြည်းဖြည်းကျဆင်းလာပြီဆိုတဲ့ အရိပ်လက္ခဏာတွေပါပဲ။ "လုပ်တောင်းမအောင်၊ ဆောင်တိုင်းမမြောက်ဆိုတဲ့" သိမှတ်သားစရာ ဆိုရိုးစကားလေးကို အားလုံးပဲ ကြားဖူးကြမှာ ဖြစ်ပါတယ်။ မိမိက ကိစ္စတစ်ခုခုကို အားတိုက်မာန်တိုက် ဆောင်ရွက်လိုက်ပေမယ့် ကံကြမ္မာအလှည့်အပြောင်းတွေကြောင့် ထင်သလို မဖြစ်လာတဲ့အခါမှာ အပေါ်က ပြောတဲ့အတိုင်း စိတ်ဓာတ်ကျသွားတတ်ပါတယ်။ အဲ့ဒီရဲ့ နောက်ဆက်တွဲဖြစ်တဲ့ "စိတ်ထောင်းလို့၊ ကိုယ်ကျေ"စကားအတိုင်း အရှုံးသမားကြီးတစ်ယောက်လို ဘာတစ်ခုမှ လုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ ဘဝရဲ့ အောင်မြင်တိုးတက်ရေးတွေပါ တစ်ဖြည်းဖြည်း ကျဆင်းလာပြီဆိုတဲ့ အရိပ်လက္ခဏာတွေကို အချိန်မီ သတိပြုမိရမှာ ဖြစ်ပါတယ်။ အဲ့လို ဂဂနန သိရှိပြီး မှန်ကန်စွာ ပြန်လည် ပြုပြင်နိုင်မယ်ဆိုရင် ဘဝပန်းတိုင်ကို အောင်မြင်စွာ ဆက်လက် လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ 

photo credit pngtree

သတင်းအရင်းမြစ် Mg Thit Sar

မည်သည့်တစ်စုံတစ်ဦးကိုမျှ ထိခိုက်စေလိုခြင်းမရှိဘဲ အများအကျိုးစီးပွားရေးအတွက်သာ တင်ဆက်ပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။