ကမ္ဘာ့ပေါ်တွင် ဧရိယာအနည်းငယ်သာ ကျယ်ဝန်းတဲ့ နိုင်ငံတွေနဲ့ပတ်သက်ပြီး ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ထိုကမ္ဘာ့အသေးဆုံး နိုင်ငံတွေထဲတွင် တစ်ခုအပါအဝင်ဖြစ်တဲ့ "Principality of Liechtenstein" လင်ချက်စတိန်း နိုင်ငံ အကြောင်းကိုရွေးချယ် ဖော်ပြပေးသွားမှာပါ။ သတင်းကဏ္ဍစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit WIKIPEDIA

၁၆၀ ဒသမ ၄၇ စတုရန်း မီတာ ကျယ်ဝန်းသော လင်ချက်စတိန်းနိုင်ငံဟာ ၁၈၀၆ ခုနှစ်တွင် နိုင်ငံရေး လွတ်လပ်ခွင့် ရရှိခဲ့ပါတယ်။ ထိုလွတ်လပ်ရေးရခဲ့သော အချိန်အထိ လင်ချက်စတိန်းအား ဂျာမနီနှင့် ပြင်သစ် တပ်ဖွဲ့များက အကြိမ်ကြိမ် သိမ်းပိုက်ခဲ့ကြပါတယ်။ လင်ချက်စတိန်း နိုင်ငံဟာ အဲ့ပ်တောင်တန်းပေါ်တွင် လုံးလုံးလျားလျား တည်ရှိနေသော မင်းသားအုပ်ချုပ်တဲ့ တစ်ခုတည်းသော နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဧရိယာကျဉ်းမြောင်းသော်လည်း မြင့်မားသော တောင်တန်းကြီးတွေက ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်လျက်ရှိပါတယ်။

photo credit WIKIPEDIA

လင်ချက်စတိန်း တောင်ရဲ့ အမြင့်ဆုံးမားဆုံးနေရာဟာ ဂရူ စပစ်ဇ်နေရာဖြစ်ပြီး ၂၅၉၉ မီတာမြင့်မားပါတယ်။ အနိမ့် ဆုံးနေရာကတော့ ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၄၃၀ ဖြစ်ပါတယ်။ လင်ချက်စတိန်းတွင် လူမျိုးစု ၁၂ စုနေထိုင်လျက်ရှိကာ လူဦးရေ ၃၆၉၄၂ ဦးရှိသည့်အနက် လူဦးရေ သောင်းနှစ်ထောင်ကျော်ဟာ ပြည်ပနိုင်ငံသားများ ဖြစ်ကြပါတယ်။ နောင်လည်း စိတ်ဝင်စားဖွယ် နိုင်ငံတွေနဲ့ပတ်သက်ပြီး တင်ဆက်သွားမှာမလို့ ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit WIKIPEDIA

photo credit WIKIPEDIA
photo credit WIKIPEDIA

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။