လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်က တည်ဆောက်ခဲ့တဲ့ ရှေးဟောင်းအဆောက်အအုံများကို ကမ္ဘာ့အံ့ဖွယ် ခုနစ်သွယ် စာရင်းတွင် ထည့်သွင်းခဲ့ကြပါတယ်။ အဲ့ထဲ့ကမှ ဂီဇာ ပိရမစ်ကလွဲပြီး ကျန်ရှိသော ရှေးဟောင်းအဆောက်အအုံများဟာ ငလျင်ဒဏ်၊ မီးလောင်ကျွမ်းမှုဒဏ်၊ လူအုပ်စုများ ဖျက်ဆီးမှုဒဏ်တို့ကြောင့် ပျက်စီးခဲ့ကြရပါတယ်။ အဲ့နောက်ပိုင်းမှာ ခေတ်သစ်လူသားများက ကမ္ဘာ့အံ့ဖွယ် စာရင်းများကို ဆက်လက် ပြုစုခဲ့ကြပါတယ်။ အဲ့အံ့သြဖွယ် စာရင်းကိုပြုစုကြရာတွင် သဘာဝအလျောက်တည်ရှိနေတဲ့ အရာများပါဝင်သလို လူသားများပြုလုပ်ထားတဲ့ အရာများလည်းပါဝင်တာ ဖြစ်ပါတယ်။ အဲ့လိုထူးဆန်းအံ့သြဖွယ် စာရင်းတွင်ပါဝင်သော ပါသီနွန်ဘုရားကျောင်းကြီး အကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

photo credit WIKIPEDIA

ဂရိနိုင်ငံ၊အေသင်မြို့ရှိ "Acropolis" (အက်ခရိုပိုလိစ်)၊ "Parthenon" (ပါသီနွန်) ရဲတိုက်ထိပ်တွင်ရှိတဲ့ ပါသီနွန် ဘုရားကျောင်းဟာ ကမ္ဘာပေါ်တွင် အထင်ရှားဆုံး အဆောက်အဦးများအနက် တစ်ခုဖြစ်ပါတယ်။ အေသင်သို့ ရောက်ရှိလာကြတဲ့သူတိုင်းဟာ ပါသီနွန်ဘုရားကျောင်းသို့ မရောက်ရှိပါက ဂရိနိုင်ငံသို့ လာရောက်လည်ပတ်တာက ပြည့်စုံမှုမရှိဘူးလို့ ဆိုရမှာပါ။ ပါသီနွန်ကို ခရစ်တော်မပေါ်မီ ၄၄၇ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ပါရှန်လူမျိုးများ ဖျက်ဆီးခဲ့တဲ့ ကျောင်းဟောင်းကို အစားထိုးတည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဘီစီ ၄၃၂ ခုနှစ်တွင် ပြီးစီးခဲ့တာ ဖြစ်ပါတယ်။

photo credit WIKIPEDIA

ပါသီနွန်ကို ဆင်စွယ်၊ ငွေနှင့် ရွှေတို့ဖြင့်ပြုလုပ်ထားတဲ့ အေသီနာပါသီနို ရုပ်ထုကြီးထားရှိရန် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ထိုရုပ်ထုကို ငါးရာစုတွင် ရောမ ဧကရာဇ် တစ်ဦးက လုယူသွားခဲ့ပြီး ကွန်စတင်တီနိုပယ်သို့ ယူဆောင်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ထိုဒေသမှာပဲ ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။ ပါသီနွန်ဟာ ရှည်လျားသော သမိုင်းတစ်လျောက် ခံတပ်တစ်ခုအဖြစ်လည်းကောင်း၊ ခရစ်ယာန် ဝတ်ပြုကျောင်းတစ်ခု အဖြစ်လည်းကောင်း၊ မဟာမေဒင်တို့ရဲ့ ဗလီတစ်ခုအဖြစ်လည်းကောင်း ရပ်တည်ခဲ့တာအပြင် ကျည်ကာနေရာတစ်ခုလည်း ဖြစ်ခဲ့ပါသေးတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit WIKIPEDIA

photo credit WIKIPEDIA
photo credit WIKIPEDIA

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။