နေ့စဉ် နေ့စဉ်တိုင်း လူ့မှုပတ်ဝန်းကျင်မှာ ရုန်းကန်လှုပ်ရှားနေရတဲ့ လူသားတိုင်းဟာ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ကိုယ်ကော၊ စိတ်ကော ကျန်းမာရွှင်လန်းစွာ ဖြတ်သန်းချင်ကြတာပဲ ဖြစ်ပါတယ်။ အဲ့ထဲကမှ လှပနုပျိုမှုကို ပိုပြီးအလေးထားကတော့ ပျမ်းမျှအားဖြင့် မိန်းကလေးတွေလို့ ပြောရမှာပါနော်။ အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ ပရိသတ်ကြီးကို အရွယ်နဲ့ မလိုက်အောင် အိုမင်းရင့်ရော်လာစေတဲ့ အရာများပဲဖြစ်ပါတယ်။ ထိုအချက်တွေကို သိထားမယ်ဆိုရင် မိန်းကလေးပဲဖြစ်စေ၊ ယောက်ျားလေးပဲဖြစ်စေ မိမိရဲ့ အရွယ်တင်နုပျိုမှုကို တစ်ဖက်တစ်လမ်းကနေ ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

photo credit pngtree

တစ်နေ့ကို ၈ နာရီထက်ကြာအောင် ထိုင်နေတာဟာ သင့်ရဲ့ ခန္ဓာကိုယ် သွေးလည်ပတ်မှုကို လျော့နည်းလာစေပြီး အိုမင်းရင့်ရော်မှုနှုန်း မြန်စေတာပဲ ဖြစ်ပါတယ်။ အဆိုပါအချက်က အထိုင်များတဲ့ ရုံးသမားတွေကို ရည်ညွှန်းပြီး ပြောတာဆိုရင် ပိုမှန်ပါတယ်။ တစ်နေကုန် တစ်နေခမ်း ကွန်ပျူတာရှေ့မှာပဲ ထိုင်ပြီး အလုပ်လုပ်နေတာဟာ သင့်ရဲ့ မျက်စိအာရုံကြောကို ဒုက္ခပေးရုံသာမက အချိန်ကြာလာတာနဲ့အမျှ အရွယ်တင်နုပျိုမှုကိုလည်း အဟန့်အတား ဖြစ်စေပါတယ်။ ဒါကြောင့်မလို့ ရုံးတက်ကတည်းက ဆက်တိုက်ကြီး ထိုင်နေတာမျိုးမဟုတ်ပဲ အညောင်းပြေ အညာပြေ လမ်းထလျှောက်တာမျိုးတွေ လုပ်ပေးရမှာပါ။ ထမင်းစားချိန် နားတဲ့အခါမှာလည်း အပြည့်အဝနားဖို့ လိုအပ်ပါတယ်။

photo credit pngtree

မိန်းကလေးတွေအနေနဲ့ နားကပ်တပ်တဲ့နေရာမှာ fancy ပဲဖြစ်စေ၊ တန်ဖိုးကြီး ကျောက်မျက်ရတနာပဲဖြစ်စေ အရွယ်အစား အရမ်းကြီးတာမျိုးကို ရွေးချယ်ဆင်မြန်းလိုက်တာကလည်း သင့်ကို အသက်အရွယ်ရင့်တဲ့ ပုံမျိုးပေါက်စေပါတယ်။ နောက်ထပ်အချက်တွေကတော့ နီမြန်းတဲ့ အသားတွေချည်းပဲ စားတာမျိုး (ဟင်းသီးဟင်းရွက် တစ်မျိုးမျိုးနဲ့ တွဲဖက်စားဖို့ပါ)၊ "close friend"လို ရင်းနှီးတဲ့ သူငယ်ချင်းတွေမရှိတာမျိုး၊ တစ်နေ့တာအတွက် လိုအပ်တဲ့ ရေဓာတ်မဖြည့်တာမျိုး၊ gym ဆော့ပြီးပြန်လာတဲ့အခါ ရေချိုးဖို့ ပျင်းနေတာမျိုး၊ သင့်ရဲ့ ဟိုမုန်းဓာတ် အနည်းအများကို စစ်ဆေးမှုတွေ မပြုလုပ်တာမျိုး...အစရှိတာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ အဆိုပါအချက်တွေကို အရင်ကထက် ပိုမိုသတိထားပြီး ပြင်ဆင်ဆောင်ရွက်တာမျိုးတွေ ပြုလုပ်ပေးရမှာပါနော်.....။

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းအရင်းမြစ် Mg Thit Sar

မည်သည့် တစ်စုံတစ်ဦးကိုမျှထိခိုက်စေလိုခြင်းမရှိဘဲ အများအကျိုးစီးပွားရေးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။