ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ပင်လယ်သမုဒ္ဒရာနဲ့ ပတ်သက်ပြီး မှတ်သားစရာ အကြောင်းအရာတစ်ခုဖြစ်တဲ့ "Black Sea" ပင်လယ်နက် အကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးသားဖော်ပြပေးသွားမှာမလို့ စိတ်ဝင်တစား ဖတ်ရှုကြမယ်လို့ ယုံကြည်ပါတယ်။ ကျွန်ုပ်တို့ ကမ္ဘာကြီးမှာ ရေများစုဝေးနေတဲ့ ပင်လယ်သမုဒ္ဒရာကြီးဟာ မြေမျက်နှာပြင်ထက် အလွန်ကြီးမားသော အစိတ်အပိုင်းဖြစ်ပြီး အဲ့ထဲကမှ ပစိဖိတ်၊ အတ္တလန္တိတ်၊ အိန္ဒိယ အစရှိသဖြင့် နေရာဒေသပေါ်လိုက်ပြီး သမုဒ္ဒရာများကို ထပ်မံခွဲခြား သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ပစိဖိတ် သမုဒ္ဒရာကတော့ ကမ္ဘာပေါ်တွင် တည်ရှိနေတဲ့ ပင်လယ်သမုဒ္ဒရာများအနက် အကြီးမားဆုံးနှင့် အနက်ရှိုင်းဆုံးဖြစ်ပါတယ်။ 

photo credit WIKIPEDIA

အဲ့လို ကမ္ဘာ့အနက်ရှိုင်းဆုံး ပင်လယ်သမုဒ္ဒရာများ စာရင်းမှာ ဒသမနေရာတွင် ရပ်တည်နေတာကတော့ ပင်လယ်နက်ကြီးပဲ ဖြစ်ပါတယ်။အာရှတိုက် အနောက်ပိုင်းနှင့် ဥရောပတိုက် အရှေ့နှင့် အရှေ့တောင်ဘက် အကြားတွင်တည်ရှိပါတယ်။ ပင်လယ်နက်ကို ဂျော်ဂျီယာ၊ ရိုမေးနီးယား၊ ရုရှ၊ ယူကရိန်း၊ ဘူဂေးရီးယားနှင့်တူရကီနိုင်ငံတို့က ဝန်းရံထားပါတယ်။ ပင်လယ်နက်ကို ကမ္ဘာ့အကြီးဆုံး မြစ်ဝှမ်းလို့လည်း ခေါ်ဆိုကြရာ ပထဝီဘာသာရပ်ဆိုင်ရာ အသုံးအနှုန်းဖြစ်တဲ့ ပင်လယ်နက် မြစ်ဝှမ်း(Basin)ဟာ မြေထဲပင်လယ် နှင့် အေဂျင်ပင်လယ်တို့မှ တစ်ဆင့် အတ္တလန္တိတ်သမုဒ္ဒရာနှင့် ဆက်သွယ်လျက်ရှိပါတယ်။

photo credit WIKIPEDIA

ဒါ့အပြင် ဒန်ညုမြစ်၊ ဒနီးပါမြစ်၊ မြစ်နီနှင့် ဒနီးစတာမြစ်တို့ဟာ ကုန်းတွင်းပိတ် ပင်လယ်တစ်ခုဖြစ်တဲ့ ပင်လယ်နက်အတွင်းသို့ စီးဝင်နေသော ပင်မရေဝင်စီးကြောင်းများပဲ ဖြစ်ပါတယ်။ ပင်လယ်နက်ရဲ့ ပျမ်းမျှအနက်ကတော့ ၁၂၅၃ မီတာရှိပြီး အနက်ဆုံးနေရာဟာ ၂၂၁၂ မီတာ ဖြစ်ပါတယ်။ ပင်လယ်နက်ရဲ့ ရေမျက်နှာပြင် ဧရိယာဟာ ၄၃၆၄၀၂ စတုရန်း ကီလိုမီတာကျယ်ဝန်းလျက်ရှိပြီး ရေထုထည် ၅၄၇၀၀၀ ကုဗမီတာ သိုလှောင်ထားတာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit WIKIPEDIA 

photo credit WIKIPEDIA
photo credit WIKIPEDIA

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။