ပရိသတ်ကြီးရေ ကိုရီးယားမင်းသမီးလေးတစ်ယောက်လို ချောမောလွန်းနေပြီး အသားအရည်လေးတွေကလည်း ဖြူဖွေးနုဖက်နေတဲ့ ဟန်နာယူရီလေးကတော့ ယခုဆိုရင် ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို အပြည့်အဝရရှိနေပြီလည်းဖြစ်ပါတယ်။ ဟန်နာယူရီ က မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်သလို အနုပညာလောကထဲမှာလည်း နေရာတစ်ခု အခိုင်အမာရရှိအောင်ကြိုးစားနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အသည်းတွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ဟန်နာယူရီကတော့ ဖက်ရှင်လှလှလေးတွေကို ဝတ်ဆင်တက်တဲ့ သူဆိုရင်လည်းမမှားပါဘူးနော်…။
ယခုမှာဆိုရင် ဟန်နာယူရီ က ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Chitlom BTS နားမှာရှိတဲ့Renaissance Hotel ရဲ့ Rbar မှာ afternoon tea set ကော်ဖီသောက်ရင်း ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးထဲမှာတော့ ဟန်နာယူရီ က အဖြူရောင်ဖက်ရှင်ဝတ်စုံလေးကို ဝတ်ဆင်ကာ ပရိသတ်တွေ ချစ်သက်ကြွေစေမယ့် ဟန်ပန်အမူရာလေးတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေနဲ့ ညို့ယူဖမ်းစားလိုက်ပြန်ပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင် ရိုးရှင်လှတဲ့ ဖက်ရှင်ဝတ်စုံလေးကလည်း သူမရဲ့ ပင်ကိုယ်အလှတရားတွေကို ပိုမိုပေါ်လွင်စေတာကိုတွေ့ရပါတယ်။
ပရိသတ်ကြီးကလည်း တစ်မျိုးလေး လှသွေးကြယ်နေတဲ့ ဟန်နာယူရီ လေးရဲ့ ပုံရိပ်လေးတွေကို အသည်းလေးတွေပေးလိုက်ပါဦးနော်…။ ဒီပုံလေးတွေနဲ့လည်း ဟန်နာယူရီ က “ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကChitlom BTS နားမှာရှိတဲ့Renaissance Hotel ရဲ့Rbar မှာ afternoon tea set လေးတွေသုံးဆောင်ရင်းဓါတ်ပုံလှလှလေးတွေရိုက်ဖြစ်ခဲ့ပါတယ်ရှင်” ဆိုပြီး ရေးသားဖော်ပြပေးထားပါသေးတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ဟန်နာယူရီလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Source & Photo Credit -Hannayuri Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။