တင်းရင်းလှပတဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ ‌ပြေပြစ်လှပတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားသူလေးကတော့ ပရိတ်သတ်အချစ်တော်မင်းသမီးချော‌လေး ဘေဘီမောင်ပဲဖြစ်ပါတယ်။ သူမဟာ ဗီဒီရိုဇာတ်ကားများ၊ ရုပ်ရှင်ကားများကို စတင်ရိုက်ကူးရင်း အနုပညာလောကထဲဝင်ရောက်လာပြီး ပရိတ်သတ်အားပေးမှု အပြည့်အဝရရှိထားတာပဲဖြစ်ပါတယ်။ သူမရဲ့ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် အနုပညာလောကမှာနေရာတစ်နေရာရရှိထားတဲ့ မင်းသမီးချောလေးတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။

Photo Credit; Baby Maung's FB account
Photo Credit; Baby Maung's FB account
Photo Credit; Baby Maung's FB account

သူမက အဆိုတော်သားဂန်းနဲ့လည်း သာယာပျေ်ာရွှင်ပြီး နားလည်မှုတွေအပြည့်နဲ့တည်ဆောက်ထားတဲ့ ချစ်သူဘဝလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်နော်။ သူတို့နှစ်ဦးက တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိချစ်ကြတာဖြစ်လို့ ပရိသတ်တွေကလည်း သဘောကျနေကြတာပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အနုပညာလုပ်ငန်းများကို တောက်လျှောက်မနားမနေ ကြိုးစားလုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်။

Photo Credit; Baby Maung's FB account
Photo Credit; Baby Maung's FB account
Photo Credit; Baby Maung's FB account

မကြာသေးမီက ဘေဘီမောင်ဟာသူမရဲ့facebookစာမျက်နှာမှာ "အသက်ရွှယ်လေးဟာဆိုရင်ဖြင့် ရင့်ကျက်အေးချမ်းသင့်ပီလေ"ဆိုတဲ့ Captionလေးနဲ့အတူ ချစ်သူသားဂန်းရိုက်ပေးထားတဲ့ ပုံလေးတွေကို တင်ထားတာပဲဖြစ်ပါတယ်။ ပုံလေးတွေက ကျက်သရေရှိပြီး ကြည့်ရှုသူတိုင်းကို ရင်အေးစေတာကြောင့် ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ မင်းသမီးချောလေး ဘေဘီမောင်ရဲ့ မြန်မာဆန်ဆန်အလှလေးတွေကို ကြည့်ရှုပြီးအသည်းလေးတွေပေးဖို့ မမေ့ပါနဲ့အုန်းနော်.....။

Photo Credit; Baby Maung's FB account
Photo Credit; Baby Maung's FB account
Photo Credit; Baby Maung's FB account
Photo Credit; Baby Maung's FB account

Photo Credit; Baby Maung's FB account

Source ; Baby Maung's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။