ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ facebook ဆိုတဲ့ social media လူမှုကွန်ယက်ကြီး မဖြစ်ပေါ်လာခင် ကနဦးတီထွင်မှုလို့ ပြောရမယ့် "Facemash" ကွန်ရက်အကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးသွားမှာပါ။ "Mark Zuckerberg"ဟာ ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၂၈ ရက် တွင် "Facemash" အမည်ဖြင့် ပရိုဂရမ် တစ်ခု ရေးသားခဲ့ပါတယ်။

photo credit pngtree

ထိုပရိုဂရမ်ဟာ အဲ့ခေတ်တုန်းက လူသိများခဲ့တဲ့ Hot or Not ကွန်ရက်ကဲ့သို့ ဓာတ်ပုံများ စုဆောင်း၊ ဝေမျှနိုင်ရန် စတင်ဆောင်ရွက်ခဲ့တာပါ။ Facemashကို အွန်လိုင်းပေါ်တွင် ထုတ်လွှင့်ပြီး လေးနာရီ အတော်အတွင်းမှာပဲ လူ ၄၅၀ ဝင်ရောက် ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံများကြည့်ရှုမှု အကြိမ်၂၂၀၀၀ ရှိခဲ့ပါတယ်။

photo credit pngtree

ဒါပေမယ့် "Facemash Site" အား ရက်အနည်းငယ်အတွင်း ဟားဗတ်တက္ကသိုလ် အာဏာပိုင်များက မူပိုင်ခွင့်နှင့် လုံခြုံမှုကို ချိုးဖောက်တယ်လို့ ဆိုကာ ပိတ်သိမ်းခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်တွင် "Mark Zuckerberg"ဟာ "Thefacebook" အမည်ဖြင့် facebook.com ဆိုပြီး ထပ်မံ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ ထိုနှစ် မတ်လတွင် ဖေ့စ်ဘွတ်သုံးစွဲမှုဟာ ယေးလ်နှင့် ကိုလမ်ဘီယာ တက္ကသိုလ်ကြီးများအပါအဝင် အမေရိကန် တက္ကသိုလ်များ နှင့် ကနေဒါနိုင်ငံတက္ကသိုလ်များအထိ ကျယ်ပြန့်လာခဲ့တာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။